APM ၊ ဒီဇမ်ဘာ ၂၉ / ၂၀၂၂
ညည့်ခါက ကဇတ်ခသည့် ပရီးမီးယားလိဂ် Boxing Day နောက်ဆုံးပွဲ၌ မန်စီးတီးအသင်းသည် အိမ်သျှင် လိဒ်စ် ယူနိုက်တက် အသင်းကို Elland Road ကွင်းမှာ (၃)ဂိုး – (၁)ဂိုး နန့် အနိုင်ရ၍၊ မန်စီးတီး ပရီးမီးယားလိဂ် အမှတ်ပီး ဇယား အဆင့် ၂ နီရာသို့ ပြန်ရောက်လာခသည်။
လိဒ်စ်နန့်ပွဲတွင် (၂) ဂိုးသွင်းယူခသည့် မန်စီးတီးတိုက်စစ်မှူး ဟော်လန်းသည် ပြိုင်ပွဲသမိုင်းတလျှောက် ပရီးမီးယား လိဂ်သွင်းဂိုး (၂၀)ကို ပွဲအနည်းဆုံးနန့် ပြည့်မြောက်သူအဖြစ် မှတ်တမ်းသစ်ရေးထိုးနိုင်ခသည်။ ဟော်လန်းသည် (၁၄)ပွဲ ကဇတ်အပြီးတွင် ဂိုး (၂၀) အထိရလာပြီး၊ အင်္ဂလန်တိုက်စစ်မှူးဟောင်း ကယ်လ်ဗင်ဖီးလစ် ကို (၇)ပွဲ အသာ ဖြင့် ကျော်ဖြတ်နိုင်ခသည်။
သို့သော် လိဒ်စ်နန့် ပွဲတွင် (၂) ဂိုးသွင်းပီးခသည့် ဟာလန်းကိုတော့ အားမရသိမ့်ဟု မန်စီးတီးနည်းပြ ပက်ဂွါဒီယို လာက မှတ်ချက်ပီး ပြောဆိုလိုက်သည်။
ပွဲအပြီး သတင်းစာ ယှင်းလင်းပွဲမှာ နည်းပြ ဂွါဒီယိုလာက ” ဒေနိပွဲက ဟာလန်း ခြီစွမ်းနန့် ပတ်သက်လို့ ကျနော်ရို့ ဝမ်းမြောက်ပါရေ။ ယေကေလေ့ ရာသီအစပိုင်းက အေချင့်ထက်ပိုလို့ ဗြီးအားကောင်းကောင်းနန့် သူ ကဇတ် နိုင်ခ ရေ။ ဒေပွဲမှာကျခါ သူ ရုန်းကန်နီရပုံရရေ။အမှန်က သူစွာ အေထက်ပိုလို့ စကေလောက် တိုးကဇတ်နိုင်ပါသိမ့်ရေ” ဟု ပြောသည်။
ယင်းသို့ လိဒ်စ်နန့် ပွဲမှာ ဟာလန်း (၂) ဂိုးသွင်းပီးနိုင်ခသော်လေ့ သူ၏ ထက်မြက်မှုလျော့နည်းနီခြင်းနန့်ပတ်သက်၍ ဂွါဒီယိုလာက “ဒေဂုပိုင် ဖြစ်ရခြင်းမှာ သူ ဒေါ့မွန်မှာ ကာလရှည်ကြာ ဒဏ်ရာရခပြီးနောက်ပိုင်း ဖြစ်လာခစွာပါ” ဟု ဆိုသည်။
ညည့်ခါက ကဇတ်ခရေပွဲမှာ မန်စီးတီးအသင်းသည် အိမ်သျှင် လိဒ်စ် အသင်းကို အသာစီးနန့် တောက် လျောက် ဖိကဇတ်ထားခကေလေ့ အဖွင့်ဂိုးကိုတော့ ပထမပိုင်း နာကျင်အချိန်ပိုရောက်ခါမှ ရီယဒ်မာရက်ဇ် ၏ ကန်ချက်ကို လိဒ်စ်ဂိုးသမားမက်စ်ဆီလီယာ ပုတ်ထုတ်လိုက်၍ ပြန်ထွက်လာသည့်ဘောလုံးကို ရိုဒရီက rebound ပိတ်သွင်းကာ ပထမဂိုးရယူခသည်။
ဒုတိယပိုင်းမှာလေ့ လိဒ်စ်အသင်းအား မန်စီးတီးဖက်က ဆက်တိုက်ဖိအားပီး ကဇတ်ထားခပြီး၊ ဂျက်ဂရီးလစ်ရှ် ဖန်တီးမှု ၂ ကြိမ်မှ အာလင်းဟာလန်းက အဆုံးသတ်သွင်းယူပီးခခြင်းဖြစ်သည်။
ဟာလန်းနန့်ပတ်သက်၍ ဂွါတီယိုလာက “အချိန်က စကားပြောလားဖို့ဖြစ်ပြီး၊ အဂုထက် ပိုပြီး လုပ်နိုင်လိမ့်မည် ဟု သူ ယုံကြည်ကြောင်း” ပြောဆိုလားခသည်။ Photo – Head Topics