APM ၊ နိုဗမ်ဘာ ၂၉/၂၀၂၄
တောင်ကုတ်မြို့သိမ်းတိုက်ပွဲတိအဖြစ် အကြမ်းဖက် စစ်ကောင်စီ တောင်ကုတ်မြို့ပြင်ပဟိစခန်းတိနန့် တောင်ကုတ်မြို့အတွင်းဟိ တောင်ကုတ်မြို့မရဲစခန်းကို သိမ်းပိုက်ရဟိခပြီးနောက် တောင်ကုတ်မြို့တခုလုံးကို နိုဗမ်ဘာ ၂၄ ရက်နိမာ အလုံးစုံ ထိန်းချုပ်ထားနိုင်ခပြီးဖြစ်ကြောင်း အာရက္ခတပ်တော် AA က နိုဗမ်ဘာ ၂၈ ရက်နိမာ ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ “တောင်ကုတ်မြို့သိမ်းတိုက်ပွဲများအဖြစ် စစ်ကောင်စီ၏ တောင်ကုတ်မြို့ပြင်ပဟိစခန်းများဖြစ်သော တောင်ကုတ်တက္ကသိုလ် မောင်းတံဂိတ်နန့်ရာဘာခြံဟိ စစ်ကောင်စီ၏ စခန်းများ၊ တောင်ကုတ်တက္ကသိုလ်ကျောင်းဝင်းတခုလုံးအတွင်း စစ်ကောင်စီမှ အခိုင်အမာ စခန်းချ နီထိုင်ခသော တက္ကသိုလ်ကျောင်းဆောင်များ၊ အာလိမ်ငါးဆင့်ဘုရားကုန်း၌ တပ်စွဲထားသော စစ်ကောင်စီ၏ စခန်း၊ ဖုန်ညိုရွာ၊ ဘုန်းကြီးကျောင်းအနားတောင်ကုန်းနန့် ဖုန်ညိုတန်းထားအနား ပတ်ဝန်းကျင်၌ တပ်စွဲထားသော စစ်ကောင်စီ စခန်းများ၊ တောင်ကုတ်မြို့အဝင် စစ်ကောင်စီ၏ စကခ (၅) တပ်မဌာနချုပ် ဂိတ်စခန်း၊ တောင်ကုတ်မြို့၊သိမ်တောင်ရပ်ကွက် ဆုတောင်းပြည့် ဘုန်းကြီးကျောင်းဝင်းအတွင်း၌ တပ်စွဲထားသော စစ်ကောင်စီစခန်း၊ ကြိုးကြာကွင်းဂိတ်ဟိ စစ်ကောင်စီ၏ စခန်း၊ ကိုင်းရှည်တန်းထားထိပ်ဟိ စစ်ကောင်စီ၏စခန်း၊ သီရီဆီးရုံ၊ဂုဏ်နေဒေါက်ကျင်း၌ စခန်းချတပ်စွဲထားသော စစ်ကောင်စီ၏ စခန်းနန့် တောင်ကုတ်မြို့အတွင်းရှိ တောင်ကုတ်မြို့မ ရဲစခန်းရို့ကို ၂၀၂၄ ခုနှစ်၊ နိုဗမ်ဘာလ ၄ ရက်မှ ၂၀ ရက်အတွင်း (၁၇) ရက်ကြာ ထိုးစစ်အပြီးတွင် သိမ်းပိုက်ရရှိခပြီး တောင်ကုတ်မြို့တခုလုံးအား ၂၀၂၄ ခုနှစ်၊နိုဗမ်ဘာလ ၂၄ ရက်နိတွင်မှ အလုံးစုံထိန်းချုပ်ထားနိုင်ခခြင်းဖြစ်သည်” လို့ဖော်ပြထားပါရေ။
ယင်းအပြင် တောင်ကုတ်မြို့ ပတ်ဝန်းကျင်ဟိဖက်ဆစ်စစ်ကောင်စီ၏ စခန်းတိအားလုံးကို သိမ်းပိုက်ရယူပြီးနောက် စစ်ကောင်စီ၏ တောင်ကုတ်မြို့ အခြီစိုက် အဓိကစခန်းကြီးတိဖြစ်ကတ်တေ စကခ(၅)တပ်မဌာနချုပ်နန့် စကခ(၅) လက်အောက်ခံတပ်ရင်းတိဖြစ်ကတ်တေ ခမရ (၃၄၆) နန့် ခမရ (၅၄၄) တပ်ရင်းဌာနချုပ် စခန်းတိကိုလည်း တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်နီကြောင်း အာရက္ခတပ်တော်က ဆိုပါရေ။
အာရက္ခတပ်တော်အနီနန့် သိမ်းပိုက်ဖို့ ကျန်နီသိမ့်ရေ မြို့တိကို တမြို့မကျန် ဆက်လက်သိမ်းပိုက်ရယူနိုင်ရီးအတွက် ယင်းမြို့တိဟိ ဖက်ဆစ်စစ်ကောင်စီ၏ တပ်စခန်းတိကို ထိုးစစ်ဆင် တိုက်ခိုက်လို့ ဟိရေလို့ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
ဒေလတိအတွင်းမာ အာရက္ခတပ်တော်စွာ အမ်း၊ တောင်ကုတ်၊ ဂွမြို့နယ်တိအတွင်းဟိ ဖက်ဆစ်စစ်ကောင်စီ၏ စခန်းတိကို အဓိကထိုးစစ်ဆင်တိုက်ခိုက်လို့ဟိရေပိုင်၊ မောင်တောမြို့မာတခုတည်းရာ ကျန်နီသိမ့်ရေ ဖက်ဆစ်စစ်ကောင်စီ၏ နခခ(၅)စခန်းကိုလည်း အပြီးသတ် သိမ်းပိုက်ရယူနိုင်ရီးအတွက် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လို့ ဟိကြောင်း ထုတ်ပြန်ချက်မာ ဖော်ပြထားချက်အရ သိဟိရပါရေ။