
APM၊ အောက်တိုဘာ ၂၉/၂၀၂၃
ဒေနိ (အောက်တိုဘာ ၂၉ ရက်) နိခင်းက စစ်တွေမြို့ စံပြရပ်ကွက်ဟိ ရက္ခိုင်ပြည်အခြီစိုက် Development Media Group (DMG) သတင်းဌာနရုံးခန်းကို စစ်ကောင်စီက ဝင်စီးပြီးကေ သတင်းသမားတယောက်နန့် ညည့်စောင့်တယောက်ကို ဖမ်းဆီး လားကြောင်းသိရပါရေ။
ဖမ်းဆီးခံရသူမာ DMG သတင်းဌာနက သတင်းသမား ကိုထက်အောင်ဖြစ်ပြီး၊ သူနန့်တတူ ညည့်စောင့် တယောက်နန့် ရုံးသုံး ပစ္စည်းတိပါ ဖမ်းဆီး လားရေလို့ လို့ နီးစပ်သူတယောက်က ပြောပါရေ။
DMG သတင်းဌာနရုံးခန်းကို ဒေနိနိခင်းခင်း ၁နာရီလောက်က စစ်ကောင်စီတပ်၊ စရဖနန့် ရဲတပ်ဖွဲ့ဝင် ပူးပေါင်းအင်အား ၂၀ လောက်စွာကားသုံးစီးနန့် ရောက်လာပြီးကေ ရုံးခန်းကို ဝင်စီးပနာ ကိုထက်အောင်နန့် ညည့်စောင့်တယောက်ကို ဖမ်းဆီးလားစွာလို့ဆိုပါရေ။
ယင်းအပြင် ရုံးထဲက ကွန်ပျူတာနန့် ရုံးသုံးပစ္စည်းတချို့ကိုလည်း သိမ်းယူလားရေလို့ သိရပါရေ။
လက်ဟိ ဖမ်းဆီးခံလူတိနန့် ရုံးသုံးပစ္စည်းတိအားလုံးကို စစ်တွေအမှတ် (၁)ရဲစခန်းမာ ထိန်းသိမ်းထားရေလို့ သိဟိရပါရေ။
