
APM၊နိုဗမ်ဘာ ၂၈/၂၀၂၂
အာရက္ခတိုင်းပြည်တည်ဆောက်ရီးလုပ်ငန်းများတွင် အမျိုးသားရီးခံယူချက်ကောင်းမွန်ပြီး လုပ်ရည် ကိုင်ရည်၊ အရည်အချင်းနန့် အနစ်နာခံလိုစိတ်ဟိသည့် လူသား စွမ်းအား များစွာလိုအပ်နီကြောင်း ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ULA/AAက ပြောကြားသည်။
ဒေနိ( နိုဗမ်ဘာ ၂၈ ရက်နိ)တွင် ကျင်းပပြုလုပ်သော ULA/AA၏ ဆဋ္ဌမအကြိမ်မြောက် သတင်းစာယှင်း လင်းပွဲ၌ ULA/AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ဦးခိုင်သုခက ” မိဖပြည်သူရို့ကိုနောက်ထပ်အသိပီးလိုစွာက ULA/AA စွာ မိမိရို့ အပြည့်အဝထိန်းချုပ်ထားရေနီရာတိထဲမှာ ပညာရီး၊ ကျန်းမာရီးကဏ္ဍတိအပြင် အခြားကဏ္ဍတိကိုလေ့ မိမိရိုအဖွဲ့အစည်းထဲမှာဟိရေ လူ့အရင်းအမြစ်တိနန့် တဆင့်ချင်း တိုးတက်လာအောင် တည်ဆောက်လုပ်ဆောင်လိုဟိနီပါရေ။ အာရက္ခတိုင်းပြည်တည်ဆောက်ရီးလုပ်ငန်းတိမှာ အမျိုးသားရီး ခံယူချက်ကောင်းမွန်ပြီးကေ လုပ်ရည်ကိုင်ရည်၊ အရည်အချင်းနန့်အနစ်နာခံလိုစိတ်ဟိရေ လူသား စွမ်းအား များစွာလိုအပ်နီပါရေ” ဟု ပြောသည်။
ယင်းနောက် လူငယ်လူရွယ်များအနီနန့် မိမိရို့တတ်မြောက်ထားသည့် ပညာနန့် လိုအပ်သောနီရာများ၌ တာဝန် ထမ်းဆောင်ပီးကတ်ရန် တိုက်တွန်းကြောင်း ၎င်းကဆိုသည်။
ယင်အပြင် ပြည်သူ့ ကျန်းမာရီးကဏ္ဍတွင်လေ့ သူနာပြု သင်တန်း ကျောင်းများကို ဖွင့်လှစ်လားမည်ဖြစ်ပြီး၊ ပြည်သူ့ကျန်းမာရီးဝန်ထမ်း သူနာပြုများအဖြစ် လာရောက်တာဝန်ထမ်းဆောင်ကတ်ရန် ဖိတ်ခေါ်ပါကြောင်း ဒေနိ ကျင်းပပြုလုပ်သော ULA/AA၏ ဆဋ္ဌမအကြိမ်မြောက် သတင်းစာယှင်း လင်းပွဲ၌ ဦးခိုင်သုခက ပြောကြားလားခသည်။
