
APM၊ အောက်တိုဘာ ၂၉/ ၂၀၂၂
သံတွဲမြို့နယ်၊ နတ်တောင်မော်ကျေး ရွာ၌ စစ်ကောင်စီတပ်သည် ၎င်းရို့အလိုဟိနီသော ဦးမျိုးဝင်းဆိုသူအား ရှာမရ၍ အပြစ်မဟိသည့် ဦးမျိုးဝင်း၏ဇနီးဖြစ်သူကိုမတရား ဖမ်းဆီးကာ နတ်တောင်မော် စာ သင်ကျောင်း၌ တရက်လုံး ချုပ်နှောင်ထားသည်မှာ လက်ဟိအချိန်ထိဖြစ်ကြောင်းသိရသည်။
ခင်ပွန်းဖြစ်သူ ဦးမျိုးဝင်းအား ရှာမရ၍ စစ်ကောင်စီတပ်၏ဥပဒေမဲ့မတရား ဖမ်းဆီးခြင်းခံထားရသူမှာ ဒေါ်ရီရီခင်(၃၅ နှစ်) ဖြစ်ပြီး၊ သူမကို ဒေနိ (အောက်တိုဘာ ၂၉ ရက်နိ) မိုးထ ၉ နာရီ၊ မိနစ် ၃၀ ခန့်တွင် သံတွဲအခြီစိုက် စစ်ကောင်စီတပ်၊ ခလရ(၅၅)မှ တပ်ဖွဲ့ဝင်များက နီအိမ်မှ မတရား ဖမ်းဆီးခေါ်ဆောင်လားခခြင်းဖြစ်သည်။
ခိုင်လုံသော သတင်းရင်းမြစ်များ၏ပြောကြားချက်အရ သူမ၏ ခင်ပွန်းဖြစ်သူကိုမရပါက “သတ်ပစ်မည်” ဟု ကြုံးဝါးခြိမ်းခြောက်လျက် ဒေဂုညည့် ၇ နာရီကျော်ချိန်အထိ တခြားစစ်မယ်/ရဲမယ် တဦးတယောက်မှမပါဘဲစာသင်ကျောင်းအမှောင်ထဲ၌ စစ်ကောင် စီတပ်သားတရွီကြားတွင် သူမအားရည်ရွယ်ချက်ဟိဟိ လူမဆန်စွာ ချုပ်နှောင်ထားဆဲဖြစ် သည်ဟုသိရသည်။
၎င်း၏ ခင်ပွန်းဖြစ်သူ ဦးမျိုးဝင်းမှာကြက်မွီးမြူရီးလုပ်ကိုင်သည့် သာ မန် အရပ်ပြည်သူတယောက်ဖြစ်ပြီး
လက်ဟိတွင် ခရီးလွန်နီကြောင်း သိရသည်။
