APM ၊ အောက်တိုဘာ ၂၈/၂၀၂၂
တောင်ကုတ်တွင် ဒေနိ(အောက်တို ဘာ ၂၈ ရက်နိ)၌လေ့ စစ်ကောင်စီ တပ်ဖွဲဝင်များက အပြစ်မဲ့ အရပ် သားပြည်သူ တယောက်ကို ထပ်ဖမ်းလိုက်ကြောင်း သိရသည်။
အဖမ်းခံရသူမှာ တောင်ကုတ်မြို့ နယ်၊ဝက်ကျိတ်အုပ်စု၊ မှိုဟင်းတော ရွာမှ ဦးသန်းထွန်း (၄၅နှစ်) ဖြစ် သည်။
သူ့ကို အောက်တိုဘာ ၂၈ ရက်နိ၊ နိခင်း ၁၂ နာရီခွဲခန့်တွင် တောင်ကုတ်အခြီစိုက် စစ်ကောင်စီတပ် ခမရ (၃၄၆) တပ်ရင်းမှ အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ခန့်က ကား နှစ်စီးဖြင့်လာရောက်ပြီး၊ မှိုဟင်းတောရွာဟိ ဦးသန်းထွန်းနီအိမ်သို့ စီးနင်းဝင်ရောက်ကာ ဦးသန်းထွန်းအား သီနတ်ဖြင့်ချိန်ရွယ်လျက် ဖမ်းဆီးလားခခြင်းဖြစ်သည်။
ဦးသန်းထွန်းသည် သင်္ဘောပဲ့နင်းအဖြစ်လုပ်ကိုင်၍ အသက်မွီးဝမ်း ကျောင်းပြုနီသည့် အပြစ်မဲ့အရပ် သားပြည်သူ တဦးဖြစ်ပြီး၊ လက်ဟိတွင် သူ့ကို ခမရ (၃၄၆)တပ်ရင်းထဲ၌ ထိန်းသိမ်းစစ်ကြောနီကြောင်း သိရသည်။
ကုန်ခသည့် စက်တမ်ဘာ ၆ ရက်နိမှ အောက်တိုဘာ၂၈ရက်နိအထိ တလ ကျော်ကာလအတွင်း တောင်ကုတ် မှ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသူ စုစုပေါင်း ၂၈ ယောက်ထက်မနည်း ဟိနီကြောင်း သိဟိရသည်။