APM၊ အောက်တိုဘာ ၂၈/၂၀၂၂
ဘူးသီးတောင်မြို့နယ်တွင် အောက် တိုဘာ ၂၇ ရက်နိကလေ့ စစ်ကောင် စီတပ်မှ အနီးအနား မူဆလင်ကျေး ရွာများသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ရွာသားတယောက် ထိခိုက်ဒဏ်ရာရလားပြန်ကြောင်းသိရသည်။
ဒဏ်ရာရလားသူမှာ ဘူးသီးတောင်မြို့နယ်၊ဖိုးခေါင်ချောင်းအုပ်စု၊ ဖိုး ခေါင်ချောင်း(မူဆလင်)ရွာမှ (အဖ) အာလီယာမောက် (အမိ)အာယေချာယာတူရို့၏သား ကာလူ(ခ) နိုရူဆလင်(၆၃ နှစ်) ဖြစ်သည်။
နိုရူဆလင်သည် အောက်တိုဘာ ၂၇ ရက်နိ ညဇာ ၅ နာရီခွဲခန့်၌ ဖိုးခေါင်ချောင်းရွာမှ စိမ်းညှင်းပြားရွာဖက်သို့ ဘာသာရီး တရားဟောကြားရန်အလားတွင် သရက်တောင်ရွာဘုရားကုန်း၌ တပ်စွဲထားသော စစ်ကောင်စီတပ် မှ လက်နက်ကြီးများ ဖြင့် တသိတမင်ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်တိုက်ခိုက်ခခြင်းဖြစ်သည်။
ယင်းသို့ပစ်ခတ်မှုကြောင့်နိုရူဆလင် ၏ ဘယ်ခြီထောက် နန့် ခန္ဓာကိုယ်အနှံတွင် လက်နက်ကြီးအစများ ထိမှန်လားခပြီး၊ပြင်းပြင်းထန်ထန်ဒဏ် ရာရလား၍ ရွာသားများမှ စိမ်းညှင်းပြား ဗလီကြီးသို ယူဆောင်လာကာ ယင်းမှတဆင့် ဘူးသီးတောင်ဆီးရုံသို့ ပို့ဆောင်လိုက်ကြောင်းသိရသည်။
ကုန်ခသည့် အောက်တိုဘာ ၂၃ ရက်နိကလေ့ ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာအခြီစိုက်နီ စစ်ကောင်စီတပ်မှ ဖိုး ခေါင်ချောင်း(မူဆလင်) ရွာစာသင်းကျောင်းကိုဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခသည့်အတွက် ကျောင်းခေါင်မိုးပျက်စီးလားပြီး စစ်ဖီးယှောင်တယောက်အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၃ ယောက် ထိခိုက် ဒဏ်ရာရလားခရသိမ့်သည်။
ယင်းအပြင် အောက်တိုဘာ ၁၈ ရက်နိကလေ့ ဂူတာပြင်အုပ်စုတွင် အခြီပြု လှုပ်ယှားနီသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီးများကို ဗရမ်းဗတာပစ်ခတ်မှုကြောင့် ဒိုင်းနက် ပြင်ရွာမှ မူဆလင်တဦး အသက်သီးဆုံးလားခရသည်။
စစ်ကောင်စီတပ်သည် ဘူးသီးတောင် အပါအဝင် ရက္ခိုင်ပြည်အတွင်း ဂျက်တိုက်လီယာဉ်များ၊ဒရုန်းများနန့်လက်နက်ကြီးများ အသုံးပြုလျက် အပြစ်မဲ့ပြည်သူ များ နီထိုင်ရာ ရပ်ရွာများသို့ ရည် ရွယ် ချက်ဟိဟိ နိစဉ်ရက်ဆက်ပစ် ခတ် တိုက်ခိုက်နီသည့်အပြင် နီအိမ်များအား မီးတိုက်ဖျက် ဆီးခြင်း၊ဒေသခံပြည်သူများအား မတရား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်း၊လူ သားဒိုင်းကာ အဖြစ် အသုံးပြုခြင်းများကို တစိုက်မတ်မတ် ပြုလုပ်လျက် ဟိကြောင်း သိဟိရသည်။