APM၊ စပ်တမ်ဘာ ၂၈/၂၀၂၄
အာရက္ခဒေသအတွင်းဟိ အပြီးသတ်သိမ်းပိုက်ရန် ကျန်ဟိနီသိမ့်ရေ ရန်သူ့လက်ကျန်စခန်းတိအားလုံးကို တခုမကျန်သိမ်းပိုက်ရယူဖို့အတွက် ထိုးစစ်တိကို တိုးမြှင့်လားဖို့လို့ အာရက္ခတပ်တော် (AA)က စပ်တမ်ဘာ ၂၇ ရက်နိမာ ထုတ်ပြန်ကြေညာလိုက်ပါရေ။
ထုတ်ပြန်ချက်အတွင်း “အာရက္ခဒေသအတွင်းဟိ မိမိရို့ အပြီးသတ်သိမ်းပိုက်ဖို့ ကျန်ဟိနီရေ မပြီးပြတ်သိမ်ရေ ရန်သူ့လက်ကျန်စခန်းတိအားလုံးကို တစ်ခုမကျန် သိမ်းပိုက်ရယူရီးအတွက် ထိုးစစ်တိကို ဆက်လို့အဟုန်မြှင့် ဆောင်ရွက်လားဖို့ဖြစ်ပါရေ”လို့ဖော်ပြထားပါရေ။
အလားတူ မောင်တောမြို့ကို အလုံးစုံသိမ်းပိုက်ရဟိဖို့အတွက် မောင်တောမြို့ထဲမာ ကစဉ့်ကလျားထွက် ဗြီးပြီးကေ၊ တိုက်တာအဆောက်အအုံ၊ လူနီအိမ်တချို့မာ အယောက်ကျထွက်ဗြီးပုန်းခိုလွတ်မြောက်နီသိမ့်ရေ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့၊ ၎င်းရို့သင်တန်းပီးထားရေ မူဆလင်အကြမ်းဖက်တချို့နန့် ARSA၊ RSO၊ ARA အစဟိရေ မူဆလင်အကြမ်းဖက်လက်နက်ကိုင်တိကို လိုက်လံယှင်းလင်းလို့ဟိရေလို့လည်း ဆိုပါရေ။
တပြိုင်နက်တည်းမာ မောင်တောမြို့ပြင်က တခုတည်းရာ ကျန်ဟိနီရေ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ နခခ (၅) စခန်းကို အပြီးသတ်သိမ်းပိုက်ရယူရီးအတွက် ထိုးစစ်တိကို ဆက်လို့အဟုန်မြှင့်တင်လားဖို့လို့လည်း အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
စပ်တမ်ဘာ ၂၄ ရက်နိကနီ ၂၇ ရက်နိအတွင်း အမ်းမြို့နယ်၊ ဂွမြို့နယ်နန့် မောင်တောမြို့နယ်ရို့မာ အာရက္ခတပ်တော်နန့် အကြမ်းဖက်စစ်ကောင်စီတပ်ရို့ တိုက်ပွဲတိ ပြင်းပြင်းထန်ထန် ဖြစ်ပွားခရေလို့လည်း ထုတ်ပြန်ချက်မာ ဖော်ပြထားချက်အရ သိဟိရပါရေ။