APM ၊ စပ်တမ်ဘာ ၂၈ / ၂၀၂၃
ပါကစ္စတန်နိုင်ငံမာ ကူးစပ်မြန်မျက်စိနာရောဂါဖြစ်ပွားမှုကြောင့် စာသင်ကျောင်းပေါင်း ၅၆,၀၀၀ ကျော်ကို ဒေနိ(စပ်တမ်ဘာ ၂၈ရက်)နိကစလို့ ၄ ရက်ကြာ ယာယီပိတ်ထားဖို့လို့ အာဏာပိုင်တိက ကြေညာပါရေ။
ပါကစ္စတန်နိုင်ငံဟိ လူဦးရေအထူထပ်ဆုံးဖြစ်တေ ပန်ဂျပ်ပြည်နယ်အရှိပိုင်းအတွင်း နီထိုင်လူ ၁၂၇,၀၀၀,၀၀၀ အနက် မျက်စိနာရောဂါဖြစ်ပွားလူ ၃၅၇,၀၀၀ လောက်ဟိကြောင်း ကြေညာခပြီးနောက်ပိုင်း ပြည်နယ်ကျောင်းပေါင်း ၅၆,၀၀၀ ကို ပိတ်ထားလိုက်စွာဖြစ်ပါရေ။
ကူးစက်မြန်ရေ မျက်စိနာရောဂါစွာ လူထူထပ်တေနီရာတိ အထူးသဖြင့် စာသင်ကျောင်းတိပိုင် လူစည်ကားရေနီရာတိမာ ပိုလို့ကူးစက်နိုင်ရေအတွက် ကျောင်းသားတိကိုကာကွယ်ဖို့ ကျောင်းပိတ်လိုက်ရစွာလို့ ပန်ဂျပ်ပညာရီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဇူဖီကွာ အာလီ ကပြောပါရေ။
အဆိုပါ မျက်စိနာရောဂါစွာ မျက်လုံးနီခြင်း၊ ယားယံခြင်းနန့် အရည်ထွက်ခြင်းတိကိုဖြစ်စီပြီးကေ ညစ်ညမ်းမှုတိ၊ လက်နန့်ထိတွိခြင်းအပြင် ခြောင်းဆိုးနှာချီခြင်းတိက တဆင့်ကူးစက်တတ်တေလို့ ဆိုပါရေ။
ကျောင်းပိတ်ရက်အတွင်းမာ ကူးစက်မှု ပိုလို့လျော့ချနိုင်အောင် ကျောင်းဝန်းကျင်တခုလုံးသန့်ယှင်းရီးကို အလေးအနက်ထားလုပ်ဆောင်လားဖို့လို့ သိရပါရေ။
ကျောင်းပြန်ဖွင့်ကေလေ့ ကျောင်းသားတိကို ကျောင်းဝင်ပေါက်တိမာ ရောဂါလက္ခဏာစစ်ဆီးဖို့ဖြစ်ပြီးကေ ရောဂါလက္ခဏာပြရေလူတိကို ဆရာဝန်နန့် ချက်ချင်းပြသဖို့ အာဏာပိုင်တိက ညွှန်ကြားထားပါရေ။
Source : 56,000 Pakistan schools shut over eye virus outbreak
Photo : AFP