APM၊စပ်တမ်ဘာ ၂၈/၂၀၂၂
အကြမ်းဖက်စစ်ကောင်စီတပ်က ၄င်းရို့၏တပ်မြီဟုဆိုကာ သံတွဲမြို့နယ်၊ ဂျိုင်သာရွာ တရွာလုံးကို ဒေနိ(စပ်တမ်ဘာ ၂၈ ရက်နိ) မိုးထမှစတင်ပြီး အင်အားအလုံးအရင်းဖြင့်ဝင်ရောက်ဖြိုဖျက်နီကြောင်း သိရသည်။
ဂျိုင်သာရွာကို ဒေနိမိုးထ ၉ နာရီအချိန်ခန့်၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ ကွင်းဝိုင်းရီတပ်စခန်းမှ တပ်မှူး ကျော်ကျော်ဦး ဦးဆောင်ကာ ရဲ၊ ကြက်ခြေနီ၊ မီးသတ် စသည့်ဖြင့် ဌာနဆိုင်ရာပေါင်းစုံ ပူးပေါင်းအင်အား ၁၁၀ ခန့်မှ စီးနင်းဝင်ရောက်လျက် နီအိမ်တွင်းဟိ ပစ္စည်းများကို ၁၀ မိနစ်အတွင်း အပြီးသိမ်းခိုင်းကာ အင်အားသုံးဖြိုဖျက်နီခြင်းဖြစ်သည်။
ယင်းသို့ ဝင်ရောက်ဖြိုဖျက်ရာတွင်လေ့ လူနာတင်ကားများ၊ အချုပ်ကားများပါ ခေါ်ထားပြီး ရွာသားများ၏ ဖုန်းများကို သိမ်းဆည်းကာ ရွာထဲသို့ဝင်ခွင့်မပီးဘဲ ရွာအပြင်တွင် နီခိုင်းထားသည်။
အဆိုပါ ဂျိုင်သာရွာတွင် အိမ်ခြီ ၇၀ ခန့်နန့် လူဦးရေ ၃၀၀ ကျော်ခန့်ဟိပြီး ၁၉၇၆ ခုနှစ်မှစ၍ တောတောင်များအား ယှင်းလင်းလျက် နီအိမ်ဆောက်လုပ်ကာ အစဉ်အဆက်နီထိုင်လာကတ်ခြင်းဖြစ်ကြောင်း သိဟိရပါသည်။
(Zawgyi)
သံတွဲ၊ဂျိုင်သာတရွာလုံးကို အကြမ်းဖက်စစ်ကောင်စီက အင်အားသုံး ဖြိုသတ်နီ
APM၊စပ်တမ်ဘာ ၂၈/၂၀၂၂


