
(ဩဂတ်စ် ၂၁ ရက်နိမှ ဩဂတ်စ် ၂၇ ရက်နိအထိ)
၁။ ၂၁-၈-၂၀၂၃(တလင်းလာ)
ဩဂတ်စ် ၂၁ ရက်နိ မိုးထက ဂွမြို့နယ်၏ အနောက်ဖက် ၆၆ ကီလိုမီတာ၊ မာန်အောင်ကျွန်း၏ တောင်ဖက် ၁၀၄ ကီလိုမီတာ ဝန်းကျင် ရက္ခိုင်ပင်လယ်ပြင်သို့ တရုတ်အာကာသယာဉ်စွန့်ပစ်အပိုင်းအစများ ကျရောက်ခသည်။
၂။ ၂၂-၈-၂၀၂၃(အင်္ဂါ)
ဩဂတ်စ် ၂၁ ရက်နိက မြောက်ဦးမြို့နယ်၊ ညောင်ပင်လယ်ကျေးရွာ အထက်တန်းခွဲကျောင်းမှ Grade-9 ကျောင်းသူ မမြတ်အေးခင်၊ မရွှိနီဝင်း၊ မမိုးမြတ်စံ၊ မနှင်းမြတ်ဦးရို့ ၄ ယောက်သည် စာသင်ခန်းထဲတွင် ရုတ်တရက် အသက်ယှူကျပ်လာ၍ ဆီးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်ရပြီး ဆီးကုသမှုခံယူခရသည်။
၃။ ၂၃-၈-၂၀၂၃ (ဗုဒ္ဓဟူး)
ဩဂတ်စ် ၂၃ ရက်နိတွင် ကျောက်တော်မြို့နယ်၊ပိုင်သည်ရပ်(မူဆလင်)ရွာကို ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာမဟာမင်းကြီးရုံး( UNHCR)က ပုဆိုး၊ခြင်ထောင်၊ကန်စပ်အပါအဝင် အသုံးအဆောင်ပစ္စည်း ၈ မျိုး ကူညီထောက်ပံ့ပီးခသည်။
၄။ ၂၄-၈-၂၀၂၃ (ကြာသပတီး)
ပုဏ္ဏားကျွန်းမြို့နယ်၊တောဖျားချောင်းဒေသဟိ ဆင်သီ၊ သြရမ၊ ခွီးသီ၊ ဖရုံပေါက်၊ ဖားကြွီ၊ အထက်သင်းပုန်းတန်း စသည့်ကျေးရွာများအပါအဝင် ကျေးရွာပေါင်း ၄၀ ကျော်တွင် လက်ဟိအချိန်ထိ စာသင်ကျောင်းများ ပြုပျင်နိုင်ခြင်းမဟိသိမ့်၍ ကျောင်းသား/ကျောင်းသူများ ခက်ခက်ခဲခဲပညာသင်ယူနီကတ်ရသည်။
၅။ ၂၅-၈-၂၀၂၃ (သောကြာ)
(၁) စစ်တွေမြို့တွင် သြဂတ်စ် ၂၃ ရက် ညည့် ၁၀ နာရီခွဲလောက်က အနောက်စံပြရပ်ကွက် B.O.S Bar တခု၌ မွီးနိပါတီလုပ်၍ ထွက်လာစဉ် နာမည်မသိ လူတစုမှ ဓားနန့် လာခွတ်ခြင်းကြောင့် ပုဏ္ဏားကျွန်းမြို့နယ်က အဝီးသင်တက္ကသိုလ် ကျောင်းသား ၄ ယောက် ပြင်းပြင်းထန်ထန်ဒဏ်ရာရလားသည်။
(၂) ရက္ခိုင့်တပ်တော်AA ဒုတိယစစ်ဦးစီချုပ် ဒေါက်တာညိုထွန်းအောင်၏ သူပုန်ဖြူကဗျာစာအုပ်ကို ပထမဆုံး အကြိမ် အနီနန့် ဘာသာစကား ၄ မျိုးဖြင့်ထုတ်ဝီရန် စီစဉ်နီကြောင်း ဒေါက်တာညိုထွန်းအောင်၏ သူပုန်ဖြူ လူမှုကွန်ယက် အကောင့်မှ ဩဂတ်စ် ၂၅ ရက်နိတွင် ကြေညာသည်။
၆။ ၂၆-၈-၂၀၂၃(စနီ)
ရီကြီးမှုကြောင့် စိုက်ပျိုးပြီးစ လယ်မြီများ ပျက်စီးဆုံးယှုးခရသည့် မင်းပြားမြို့နယ်မှ ကျေးရွာတချို့ကို သြဂတ်စ်၂၆ ရက်နိ၌ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် / ရက္ခိုင့်တပ်တော် ULA / AA ဦးဆောင်သည့် အာရက္ခပြည်သူ့အစိုးရက မျိုးစပါးများလားရောက် ထောက်ပံ့ခသည်။
