APM ၊ သြဂတ်စ် ၂၈ / ၂၀၂၃
အစ္စရေးဂိုးသမား ဒန်နီရယ် ပါရက်ဇ် ကို နှစ်ရှည်စာချုပ်ဖြင့် ခေါ်ယူလိုက်ခြင်းသည် အနာဂတ်အတွက် ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံ့ခြင်းတခုဖြစ်သည်ဟု ဘွန်ဒက်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ် အမှုဆောင်အရာဟိချုပ် ဒရိဆန် က ပြောကြားသည်။
“ဒန်နီယယ်ကို ကျနော်ရို့ အနာဂတ်အတွက် ရည်ရွယ်လို့ခေါ်ခစွာပါ။ ယင်းအတွက်နန့်လည်း ၅ နှစ်သက်တမ်းဟိရေ စာချုပ် တရပ် ချုပ်ဆိုခစွာဖြစ်ပါရေ။ ဘိုင်ယန်မြူးနစ်အသင်းမှာ ဖြတ်ကျော်နိုင်ဖို့အတွက် စိတ်အားထက်သန်မှု နန့် စွမ်းအင်တိရာ လိုအပ်ပါရေ။ ဒန်နီရယ်မှာ ယင်းပိုင်အရည်အသွီးတိ ဟိရေလို့လေ့ ယုံကြည်ပါရေ ဟု ဒရီဆန် က ဆိုသည်။”ဒန်နီယယ်ကို ကျနော်ရို့ အနာဂတ်အတွက် ရည်ရွယ်လို့ခေါ်ခစွာပါ။ ယင်းအတွက်နန့်လည်း ၅ နှစ်သက်တမ်းဟိရေ စာချုပ် တရပ် ချုပ်ဆိုခစွာဖြစ်ပါရေ။ ဘိုင်ယန်မြူးနစ်အသင်းမှာ ဖြတ်ကျော်နိုင်ဖို့အတွက် စိတ်အားထက်သန်မှု နန့် စွမ်းအင်တိရာ လိုအပ်ပါရေ။ ဒန်နီရယ်မှာ ယင်းပိုင်အရည်အသွီးတိ ဟိရေလို့လေ့ ယုံကြည်ပါရေ” ဟု ဒရီဆန် က ဆိုသည်။
ဘိုင်ယန်မြူးနစ်သည် မက္ကာဘီတဲလ်အဗစ်အသင်းမှ အသက် ၂၃ နှစ်အရွယ် အစ္စရေးဂိုးသမား ဒန်နီရယ် ပါရက်ဇ် ကို ငါးနှစ်စာချုပ်ဖြင့် ပြီးခသည့် သြဂတ်စ် ၂၅ ရက်နိက ခေါ်ယူခခြင်းဖြစ်သည်။
အစ္စရေးကဇတ်သမားအား ကလပ်၏ ပထမဆုံးခေါ်ယူမှု နန့် ပတ်သက်၍ ဒရီဆန် က “ကျွန်တော်ရို့ အသင်းမှာ အစ္စရေးနိုင်ငံသား ကဇတ်သမားတယောက်ဟိနီစွာ ထူးခြားရေ အရာတခုပါ။ သူ့ကို ခေါ်ယူဖို့အတွက် အချိန်စကေတော့ ကြာခပါရေ။ အဂု ကျနော်ရို့အသင်းမှာ သူ အချိန်အကြာကြီး ဟိပါဖို့” ဟု ထပ်လောင်း ပြောကြားခသည်။
ဘိုင်ယန်မြူနစ်အသင်း သည် သြဂတ်စ် ၂၇ ရက်နိက ကဇတ်သည့် အော့စ်ဘတ်အသင်း နန့် ဘွန်ဒက်လီဂါပွဲစဉ်တွင် တိုက်စစ်မှူးသစ် ဟာရီကိန်း၏ သွင်းဂိုး ၂ ဂိုး အပါအဝင် ၃ ဂိုး ၁ ဂိုးနန့် အနိုင်ရခသည်။
Source-Keeper Peretz arrival is investment for the future, says Bayern CEO/Reuters
Photo-FC Bayern Munich