APM ၊ ဩဂတ်စ် ၂၈ / ၂၀၂၃
ဩစတြီးယားနိုင်ငံ၊ မဲလ်ဗယ်လီကျွန်းတွင် ဩဂတ်စ် ၂၇ ရက်နိက အမေရိကန် မရိန်း လီယာဉ်တစင်း ပျက်ကျခရာ မရိန်းတပ်သား ၃ ယောက်သီဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရဟိခကြောင်း အာဏာပိုင်များက ပြောကြားသည်။
ပျက်ကျခသည့် လီယာဉ်သည် MV-22 Osprey အမျိုးအစားဖြစ်ပြီး လီယာဉ်ပျက်ကျချိန်တွင် သီဆုံးသည့် စစ်သား ၃ယောက် အပြင် ထိခိုက်ဒဏ်ရာပြင်းထန်သည့် စစ်သား ၅ယောက်ကို ဒါဝင်မြို့သို့ အရေးပေါ်ပို့ဆောင်ခရသည်ဟု အမေရိကန် မရိန်းတပ်မှ ထုတ်ပြန်ထားသည်။
အဆိုပါလီယာဉ်သည် ဒါဝင်မြို့၏ မြောက်ဖက်ကီလိုမီတာ ၆၀ အကွာဟိ မဲလ်ဗယ်ကျွန်းတွင် ပုံမှန်လိကျင့်ရီး လိကျင့်ခန်းတခုတွင် ပျက်ကျခခြင်းဖြစ်ကာ မရိန်းစစ်သား ၂၃ယောက်ထိခိုက်ဒဏ်ရာရဟိခကြောင်း ဒေသခံ ရဲမင်းကြီး မိုက်ကယ်မာဖီက ဆိုသည်။
ကုန်ခသည့် ၂၀၂၂ ခုနှစ်ကလေ့ အမေရိကန်မရိန်းတပ်သား ၅ ယောက်သည် ကယ်လီဖိုးနီးယားပြည်နယ်မှ လိကျင့်ရီးတခုအတွင်း လီယာဉ်ပျက်ကျ သီဆုံးခပြီး နော်ဝေတွင်လေ့ နေတိုးလိကျင့်ရီးတခု၌ လီယာဉ်ပျက်ကျမှုအတွင်း အမေရိကန်စစ်သား ၄ ယောက် သီဆုံးခသိမ့်သည်။
Source – Three US Marines killed in aircraft crash in Australia during training exercise/ CNN
Photo – AFP