APM ၊ ဩဂတ်စ် ၂၈/ ၂၀၂၃
မြန်မာစစ်တပ်ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နန့် တရားစွဲခံထားရသည့် ကျောက်တော်က ၇ယောကျအမှုကို ဒေနိ(ဩဂတ်စ် ၂၈ရက်နိ)၌ ကျောက်တော်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခကေလေ့ မြို့နယ်တရားသူကြီး ဦးအောင်ကျော်သူက လိုပြသက်သီမရောက်ဟု အကြောင်းပြကာ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
၁၇(၁)နန့် တရားစွဲခံထားရသူများမှာ မင်းပြားမြို့နယ်က အပျော်တမ်းဓာတ်ပုံဆရာ ဦးစိုးမိုးကျော်၊ကျောက်တော်မြို့နယ် ဝပြန်ရွာက ကိုမောင်သန်းဌေးနန့် ကိုမောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာက ဦးသန်းစိုး၊ အောင်ဖြူပြင်ရွာက ကိုမျိုးဦး၊ မြေပုံမြို့နယ်အငူရွာသစ်က ကိုမောင်ချေ(ခ)မောင်မျိုးကိုနန့် မြောက်ဦးမြို့၊ မဟိန်ဂျီရပ်ကွက်က ကိုကျော်မောင်လင်း ရို့ ဖြစ်ကတ်သည်။
အမှုကို ဒေနိ ၁၁ နာရီလောက်တွင် ကျောက်တော်မြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့ မြို့နယ်တရားသူကြီး ဦးအောင်ကျော်သူမှ လိုပြသက်သီမရောက်ဟုအကြောင်းပြကာ မစစ်ဆီးခဘဲ လာမည့် စပ်တမ်ဘာ ၁၁ ရက်နိသို့ ရုံးချိန်း ထပ်ရွှိလိုက်သည်ဟု သိရသည်။
သူရို့ ၇ယောကျသညျ ပြီးခသည့်ရက္ခိုင်ပြည်တကျော့ပြန်တိုက်ပွဲကာလအတွင်း ကျောက်တော်အခြီစိုက် မြန်မာစစ်တပ် စစ်ဆီးရီးဂိတ်များ၌ အသီးသီး ဖမ်းဆီးခံခရပြီး ရက္ခိုင့်တပ်တော်(AA)နန့် ဆက်စပ်သည်ဟုဆိုကာ ၁၇ (၁) ဖြင့် ကျောက်တော်မြို့နယ်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။
လက်ဟိတွင် ၎င်းရို့ ၇ ယောက်ကို ကျောက်တော် မြို့မရဲစခန်း၌ ထိန်း သိမ်းချုပ် နှောင်ထားပြီး ယင်းသို့ ရုံးချိန်း အကြိမ်ကြိမ်ရွှိခံနီ၍ စွပ်စွဲခံရသူ အမှုသည်များတွင် နစ်နာနီကတ်ရကြောင်း သိဟိရသည်။