APM ၊ ဩဂတ်စ် ၂၈/ ၂၀၂၃
ရက္ခိုင်ပြည်တိုက်ပွဲကာလများအတွင်း ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သည်ဟုမတရားစွပ်စွဲကာ မြန်မာစစ်တပ်၏ ဖမ်းဆီးတရားစွဲဆိုခြင်းခံထားရလူများ၏အမှုများမှာ ရုံးချိန်းအကြိမ်ကြိမ် အရွှိခံနီရ၍ အမှုကြန့်ကြာကာ စွပ်စွဲခံရလူများ၌ နစ်နာနီကတ်ရကြောင်း သိရသည်။
မြန်မာစစ်တပ်သည် ရက္ခိုင်ပြည်တွင် AA နန့် တိုက်ပွဲများပြင်းပြင်းထန်ထန် ဖြစ်ပွားသည့်အခါတိုင်း ရက္ခိုင်ပြည်မြို့နယ် အသီးသီမှ အပြစ်မဲ့ပြည်သူများကို AA နန့်ဆက်စပ်သည်ဟု စွပ်စွဲကာ မတရားဖမ်းဆီးလျက် ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆိုလိဟိသည်။
အဆိုပါအမှုများကို လက်ဟိ၌ ရမန်ကြီးတပတ်(၁၄ ရက်) သို့မဟုတ် ရမန်ချေတပတ်(၇ ရက်) တကြိမ်စီ ရုံးထုတ်စစ်ဆီး လျက်ဟိပြီး ရုံးချိန်တိုင်းတွင် မြန်မာစစ်တပ်ဖက်မှ တရားလိုများ အကြောင်းအမျိုးမျိုးပြကာ ရုံးချိန်းပျက်ကွက်နီ၍ အကြိမ်ကြိမ်ရုံးချိန်းရွှိဆိုင်းနီရသည်။
ပြီးခသည့် တကျော့ပြန်တိုက်ပွဲကာလအတွင်းက မြန်မာစစ်တပ်ဖမ်းယူလားကာ မရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁)နန့် တရားစွဲခံထားရသည့် ကျောက်တော်က ၇ ယောက်အမှုကို ဒေနီတွင်ရုံးထုတ်ခကေလေ့ မြို့နယ်တရားသူကြီး ဦးအောင်ကျော်သူက တစုံတရာစစ်ဆီးခြင်းမဟိဘဲ လာမည် စပ်တမ်ဘာ ၁၁ ရက်နိသို့ ရုံးချိန်းထပ်ရွိပြန်သည်။
ယင်းအပြင် ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နန့် တရားစွဲခံ ထားရသည့် မြောက်ဦးမြို့နယ်၊ တိမ်ညိုရွာဟိ သာလီစွဆီဆိုင်ပိုင်သျှင်အမှုကို ပြီးခသည့်(ဩဂတ်စ် ၂၅ ရက်နိ)တွင် မြောက်ဦးမြို့နယ်တရားရုံး၌ ရုံးထုတ်ခပြီး မြို့နယ်တရားသူကြီး ဒေါ် လဝန်းအိမ် က စစ်ဆီးမှု တစုံတရာ မဟိခဘဲ လာမည့် စပ်တမ်ဘာ ၁ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်သည်။
မြန်မာစစ်တပ်၏ မတရားဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)နန့် စစ်တွေမြို့နယ်တရားရုံး၌ တရားရင်ဆိုင်နီရသည့် ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာမှ ကိုမောင်သက်စိုး(ခ) ကိုမောင်ချေအမှုတွင်လည်း ဖမ်းဆီးခံရသည့်နီမှစ၍ အကြိမ် (၂၀) လောက် ရုံးထုတ်ပြီးဖြစ်ကာ လက်ဟိအချိန်ထိ လိုပြသက်သီ တယောက်ကိုမှ မစစ်ဆီးနိုင်သိမ့်ဘဲ ရုံးချိန်းတိုင်းတွင် စစ်တွေမြို့နယ်တရားသူကြီး ဦးဝင်းနိုင်က အကြောင်းအမျိုးမျိုးပြလျက် ရုံးချိန်းရွှိနီသည်ဟုသိရသည်။
အလားတူ ရက္ခိုင်ပြည်မြို့နယ်အသီးသီးမှ မြန်မာစစ်တပ်ဖမ်းဆီးတရားစွဲခံထားရသူများ၏ အမှုများတွင်လည်း တရားလိုဖက်က ရုံးချိန်းပျက်ကွက်နီ၍ ကြန့်ကြာနီကတ်ရသည့် အမှုပေါင်း မြောက်များစွာဟိနီပြီး ရုံးချိန်း (၁၅) ကြိမ်မှ အကြိမ် (၂၀) ကျော်အထိ ရွှိဆိုင်းခံနီရသည်။
ယင်းသို့ တရားလိုဖက်မှ ရုံးချိန်းပျက်ကွက်နီ၍ စွပ်စွဲခံရသူအမှုသည်များတွင် ရုံးချိန်းလားရသည့် စရိတ်စခ အပါအဝင် နစ်နာမှုများစွာဟိနီကာ အမှုကို အယင်စစ်ဆီးပြီး အပြစ်ဟိက ပြစ်ဒဏ်ချ၊ အပြစ်မဟိက အယင်ဆုံး ပြန်လွှတ်ပီးစီချင် ကြောင်း စွပ်စွဲခံရသူများ၏ မိသားစုဝင်များက တောင်းဆိုနီကတ်သည်။
မြန်မာစစ်တပ်သည် စစ်ပွဲကနဦး ကာလကပင် ဒေနိအထိ အပြစ်မဲ့အာရက္ခပြည်သူစုစုပေါင်း ၅၉၄ ယောက်ကို အကြောင်းအမျိုးမျိုးပြဖမ်းဆီးခပြီး ယင်းအထဲကလက်ဟိအချိန်ထိ ၄၅၀ ကျော်ကိုပြန်လွှတ်ပီးခပြီးဖြစ်ကာ ကျန် ၁၀၀ ကျော်မှာအချုပ်ခန်းများနန့်အကျဉ်းထောင်များ၌ချုပ်နှောင်ခံထားရတုန်းဖြစ်ကြောင်း သိဟိရသည်။