
APM၊ ဩဂတ်စ် ၂၈ / ၂၀၂၃
အီတလီလက်ရွီးစင် နည်းပြဟောင်းကြီး ရောဘတ်တိုမန်စီနီကို ဆော်ဒီလက်ရွီးစင်အသင်း နည်းပြသစ်အဖြစ် တရားဝင်ခန့်အပ် လိုက်ကြောင်း ဆော်ဒီအာရေးဗီးယားဘောလုံးအဖွဲ့ချုပ်(SAFF)က ဩဂတ်စ် ၂၇ ရက်နိတွင် အတည်ပြုပြောကြားသည်။
ဆော်ဒီလက်ရွီးစင်အသင်းသည် အသင်းနည်းပြ ရီနက်ဒ်နီရာတွင် နည်းပြသစ်အဖြစ် မန်စီနီကို အစားထိုး ခန့်အပ်ခခြင်း ဖြစ်ပြီး၊ တနှစ်လုပ်ခ ယူရိုသန်း ၃၀ ဝန်းကျင်ဖြင့် ၂၀၂၇ ခုနှစ်အထိ ၄ နှစ်စာချုပ်ချုပ်ဆိုခသည်ဟုဆိုသည်။
အသက် ၅၈ နှစ်အရွယ် မန်စီနီသည် အီတလီနည်းပြရာထူးမှ နှုတ်ထွက်ပြီး သီတင်းနှစ်ပတ်အကြာတွင် ဆော်ဒီ လက်ရွီးစင်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခံခရခြင်းဖြစ်သည်။
အာသျှဘောလုံးလောက၏ ရီပန်းစားမှုနန့်တတူ နိုင်ငံသစ်မှာ ဘောလုံးအတွိအကြုံရဖို့အတွက်က ကျနော့်အတွက် ကောင်းရေ အခွင့်အရေးတခုပါ။ ဆော်ဒီပရိုလ်ဂ်မှာ ထိပ်တန်းကဇတ်သမားတိဟိနီစွာက နိုင်ငံဘောလုံးအခင်းအကျင်းမှာ တိုးတက်မှုအလား အလာကို ညွှန်ပြနီပါရေ ဟု မန်စီနီက ဆိုသည်။
ရောဘတ်တိုမန်စီနီသည် ဆော်ဒီလက်ရွီးစင်အသင်းတွင် နည်းပြသစ်အဖြစ် လာမည့် စပ်တမ်ဘာ ၈ ရက်နိ ကော်စတာရီကာ အသင်းနန့် ကဇတ်မည့်ပွဲစဉ်ကို စတင်ကိုင်တွယ်ရမည်ဖြစ်သည်။
Source Roberto Mancini named new Saudi Arabia coach
Photo Goal.com
