
APM၊ ဩဂတ်စ်၂၈/၂၀၂၃
ကျောက်တော်မြို့ထက်ဟိ စစ်ဖီးယှောင်စခန်း ၁၁ ခုတွင် လက်တလော စားနပ်ရိက္ခာများ ပြတ်လပ်ကာ အခက်ကြုံနီရ ကြောင်း သိရသည်။
ယင်းစစ်ဖီးယှောင်စခန်းများမှာ မြို့မရွှီကျောင်း ၊နီပူခံ၊မဟာကံကြီးသျှင်၊ မြို့တော်ခန့်မ၊ မြို့သစ်မှန်ကျောင်း၊ သိမ်ပြင်ဘုန်းကြီးကျောင်း၊ COC၊ကဝိရတနာ၊ရထားဘူတာ(၁)၊ရထားဘူတာ (၂)၊သရက်အုပ်စစ်ဖီးယှောင်စခန်းရို့ဖြစ်သည်။
စစ်ဖီးယှောင်စခန်း ၁၁ ခုပေါင်း အိမ်ထောင်စု ၁၅၀၀ ကျော်နန့် လူဦးရေ ၅၀၀၀ ကျော်လောက်ဟိပြီး မုန်တိုင်ကြောင့် စခန်းအားလုံးနီးပါး၌ နီစရာအဆောင်များ ပြိုပျက်ခရသည့်အပြင် မကြာသိမ့်ခင်ကလည်း မိုးကြီးမှုကြောင့် စခန်းတွင်းရီကြီးမှုဒဏ်ကို ခံခရသိမ့်သည်။
စစ်ဖီးယှောင်များမှာ စားဝတ်နီရီးအတွက် မြို့ပေါ်တွင် နိစားအလုပ်များ လုပ်ကိုင်နီကတ်ရလူများဖြစ်ပြီး ဝင်ငွေနည်းပါးမှု ကြောင့် စားသောက်နီထိုင်ရီး ဆိုးဝါးစွာ အခက်ကြုံနီကတ်ရသည်ဟု စစ်ဖီးယှောင်များက ပြောသည်။
အကူညီလာရောက်ထောက်ပံ့မှု နည်းပါးမှုကြောင့်လည်း စစ်ဖီးယှောင်များမှာ ပို၍ အခက်ကြုံနီကတ်ရပြီး စားနပ်ရိက္ခာ များပင် ပြတ်လပ်လျက်ဟိသည်ဟုဆိုသည်။
ယင်းအပြင် အလုပ်အကိုင်ယှားပါးမှု၊ စားဝတ်နီရီးအဆင်မပြေမှုများလာမှုကြောင့် သားသမီးများ၏ ပညာရီး၊ ကျန်းမာရီး များတွင်လည်း ထောက်ပံ့နိုင်မှု အားနည်းလာသည်ဟု သိရသည်။
ယင်းစစ်ဖီးယှောင်စခန်များဟိ စစ်ဖီးယှောင်များမှာ ကုန်ခသည့် ၂၀၁၈-၂၀၁၉ တိုက်ပွဲကာလနန့် တကျော့ပြန် တိုက်ပွဲကာလ အတွင်းကပင် လာရောက်ခိုလှုံနီကတ်လူများဖြစ်ကြောင်း သိရသည်။
