APM၊ ဩဂတ်စ် ၂၈/၂၀၂၂
မောင်တောမြို့နယ်၊ ကျောက်ပန္ဒူရွာမှ ကျေးရွာအုပ်ချုပ်ရီးမှူးအပါအဝင် ရွာသား ၇ ယောက်ကို ဩဂတ်စ် ၂၇ ရက်နိ နိခင်း ၁ နာရီဝန်း ကျင်က စစ်ကောင်စီတပ်မှ ထပ်ဖမ်းလားခကြောင်း သိရသည်။
ကျောက်ပန္ဒူရွာမှ အဖမ်းခံရသူ ၇ ယောက်မှာ ကျေးရွာအုပ်ချုပ်ရီးမှူးဦးတင်ထွန်း(ခ) မောင်ဘု (၄၄နှစ်)၊ ဦးအောင်တင်ဝင်း(၃၄နှစ်)၊ ဦးဦးရွှေသန်း(၆၀နှစ်)၊ ဦးညီညီ(၄၀နှစ်)၊ ဦးထွန်းအေးလှိုင်(၄၄နှစ်)၊ ဦးရဲမင်းနိုင်(၃၁ နှစ်)နန့် ဦးမောင်ထွန်းမြင့်(၃၆ နှစ်) ရို့ဖြစ်ကတ် သည်။
အဖမ်းဆီးခံ ကျောက်ပန္ဒူရွာသား ၇ ယောက်အနက်မှ ၄ ယောက်ကို ညဇာ ၄ နာရီကျော်၌ ပြန်လွှတ်ပီးလိုက်ပြီး၊ အုပ်ချုပ်ရီးမှူး ဦး တင်ထွန်း၊ ဦးရဲမင်းနိုင်နန့် ဦးမောင်ထွန်းမြင့် ရို့ ၃ယောက်အား မျက်နှာကို အိတ်အမဲစွပ်၍ ရက်ရက်စက်စက် ရိုက်နှက်လျက် နခခ (၉) တပ်ရင်းဟိရာ မြင်းလွှတ်ရွာဘက်သို့ ထပ်မံ ခေါ်ယူလားခသည်ဟု မျက်မြင်ဒေသခံများက ဆိုသည်။
ဩဂတ်စ် ၂၇ ရက်နိ မိုးထကလေ့ အင်းဒင် အခြီစိုက် နယ်ခြားစောင့်တပ် နခခ(၆) တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့အင်းအား ၁၅၀ခန့်ပါ စစ်ကြောင်းတကြောင်းက နွားကျောင်းနီသည့် ရသေ့တောင်ဒေသခံ နှစ်ယောက်အား လူသားဒိုင်းကာအဖြစ် ဖမ်းဆီး ခေါ်ဆောင်လားကာ ကျောက်ပန္ဒူရဲကင်းစခန်းထဲ၌ ရိုက်နှက်စစ်ဆီးပြီးမှ ပြန်လွတ်ပီးလိုက်ကြောင်း သိဟိရသည်။
အလားတူ ဩဂတ်စ် ၂၆ ရက်နိကလေ့ စစ်ကောင်စီတပ် ခလရ (၂၃၄)တပ်ရင်းမှ စစ်ကြောင်းတကြောင်းသည် မောင်တောမြို့နယ်၊ မင်းခမောင်းရွာနန့် ခမောင်းဆိပ်ရွာရို့က ရွာသား ၇ ယောက်ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်လားခသိမ့်ကြောင်း သိရ သည်။
လက်ဟိကာလ ရက္ခိုင်ပြည်တွင် စစ်ကောင်စီတပ်သည် ရက္ခိုင့်တပ်တော် AA အား ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လျက် ဟိရာ မောင်တော မြို့နယ်အတွင်း၌လေ့ စစ်အင်အား အလုံးအရင်းဖြင့် ဂျက်တိုက်လီယာဉ်များကိုပါ အသုံးပြု၍ တိုက်ခိုက်နီသည့်အပြင် အပြစ်မဲ့ပြည်သူ များကို လမ်းပိတ်ဆို့၍ စားနပ်ရိက္ခာမျာဖြတ်တောက်ခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခြင်း၊ လူသားဒိုင်းကာ အဖြစ်အသုံးပြု ခြင်းများကိုပါ လူမဆန်စွာ လုပ်ဆောင်နီကြောင်း သိဟိရပါသည်။
(Zawgyi)
မောင်တောတွင် ကျေးရွာအုပ်ချုပ်ရီးမှူးတယောက် အပါအဝင် ဒေသခံ ၇ ယောက်ကို စစ်ကောင်စီတပ် ထပ်ဖမ်းပြန်
APM၊ ဩဂတ်စ် ၂၈/၂၀၂၂