APM ၊ ဩဂတ်စ် ၂၈/၂၀၂၂
ဒေနိ (ဩဂတ်စ် ၂၈ ရက်နိ) ညဇာ ၅ နာရီခွဲခန့်တွင် မြောက်ဦးအခြီစိုက် ခမရ ၃၇၇ တပ်ရင်းမှ မြောက်ဦးမြို့သစ်ဟိ ဘုန်းကြီး ကျောင်း (၃) ကျောင်းအား တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမဟိဘဲ လက်နက်ကြီးများနန့် တသိတမင် ပစ်ခတ်ခကြောင်း သိရသည်။
စစ်ကောင်စီတပ်က ရည်ရွယ်ချက်ဟိဟိ လက်နက်ကြီးနန့် ပစ်ခတ်တိုက်ခိုက်ခံရသော ဘုန်းကြီးကျောင်း (၃) ကျောင်းမှာမြောက်ဦးမြို့သစ် ထမ္မရာဇ်ရပ်ကွက်မှ ပညာရောင်ခြည်စာသင်ကျောင်းတိုက်၊ အောင်မြေသုခ ဘုန်းကြီးကျောင်းတိုက် နန့် ထမ္မရာဇ်ရွာ ဘုန်းကြီးကျောင်းဟောင်း ရို့ဖြစ်သည်။
ပညာရောင်ခြည်စာသင်ကျောင်းတိုက်နန့်အောင်မြေသုခဘုန်းကြီးကျောင်းတိုက် ဘုန်းကြီးကျောင်းနှစ်ကျောင်းထက်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး၊ ထမ္မရာဇ်ရွာ ဘုန်းကြီးကျောင်းဟောင်းမှာတော့ ကျောင်းထက်သို့ မကျခဘဲ ကျောင်း အနား၌ရာ ပေါက်ကွဲခသည်ဟု သိရသည်။
ပညာရောင်ခြည်စာသင်ကျောင်းတိုက်သို့လက်နက်ကြီးကျည်သုံးလုံး ကျရောက်ပေါက်ကွဲပြီး ကျောင်းထိုင်ဆရာတော်ကြီးတွင် လက်မောင်း၌ဒဏ်ရာစကေရဟိလားခပြီး၊ ကိုယ်တော်တပါးနန့် ကိုရင်ချေတပါးရို့မှာလေ့ လက်မောင်းနန့် နောက်ကုန်းမှာ ဒဏ်ရာရလားသည့်အပြင် ကျောင်းဟိ ကျောင်းဒကာ တယောက်မှာလေ့ ဝမ်း၌ လက်နက်ကြီးကျည်စ ကျလားကာ မြောက်ဦး ဆီးရုံသို့ ပို့ဆောင်လိုက်ရကြောင်း ကျောင်းဒကာများက ပြောသည်။
လက်ဟိတွင် ယင်းဘုန်းကြီးကျောင်းများဟိ ရဟန်း သံဃာတော်များနန့် ဒကာ၊ ဒကာမများ အားလုံးဖီးလွတ်ရာသို့ တိမ်းယှောင်နီ ကတ်ရကြောင်း သိရသည်။
(Zawgyi)
မြောက်ဦးတွင် ဘုန်းကြီးကျောင်းများအား စစ်ကောင်စီတပ်က လက်နက်ကြီးများ နန့် တသိတမင် ပစ်ခတ်
APM ၊ ဩဂတ်စ် ၂၈/၂၀၂၂





