စစ်ကောင်စီတပ်က ဆက်ဖမ်းထားသည့် ကျောက်ပန္ဒူရွာမှ ကျေးရွာအုပ်ချုပ်ရီးမှူး အပါအဝင် ရွာသား ၃ ယောက် ကို ပြန်လွှတ်
APM ၊ ဩဂတ်စ် ၂၈/၂၀၂၂
ဩဂတ်စ် ၂၇ ရက်နိ နိခင်းကပင် လူသားဒိုင်းကာအဖြစ် စစ်ကောင်စီတပ်က ဖမ်းထားခသည့် မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာမှ ကျေးရွာအုပ်ချုပ်ရီးမှူး အပါအဝင် ရွာသား ၃ ယောက်အား ပြန်လွှတ်ပီးယာ ဖြစ်ကြောင်း သိရသည်။
ယင်းလွတ်လာသူ သုံးယောက်မှာ ကျောက်ပန္ဒူကျေးရွာအုပ်ချုပ်ရီးမှူး ဦးတင်ထွန်း(ခ) မောင်ဘုအပါအဝင် ရွာသား နှစ်ယောက်ဖြစ်သည့် ဦးရဲမင်းနိုင် နန့် ဦးမောင်ထွန်းမြင့်ရို့ဖြစ်ကတ်သည်။
ဩဂတ်စ် ၂၇ ရက်နိ နိခင်း ၁ နာရီဝန်းကျင်ကစစ်ကောင်စီတပ်သည်ကျောက်ပန္ဒူကျေးရွာမှကျေးရွာအုပ်ချုပ်ရီးမှူး အပါအဝင် ရွာသား ၇ ယောက်ကို လူသားဒိုင်းကာအဖြစ်ဖမ်းဆီးလားကာ ယင်း ၇ ယောက်အနက်မှ ၄ ယောက်ကို ညဇာ ၄ နာရီကျော်၌ ပြန်လွှတ်ပီးခပြီး ဦးတင်ထွန်း၊ ဦးရဲမင်းနိုင် နန့် ဦးမောင်ထွန်းမြင့် ရို့ သုံးယောက်ကို ဆက်ဖမ်း
ထားခခြင်းဖြစ်သည်။
ယင်းသို့ ဖမ်းထားစဉ်ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဦးရဲမင်းနိုင် နန့် ဦးမောင်ထွန်းမြင့်ရို့အား မျက် နှာကိုအိတ်အမည်းစွပ်၍ လူမဆန်စွာ ရက်ရက်စက်စက် ရိုက်နှက်ခကတ်သည်ဟုမျက်မြင်သက်သီများကဆိုသည်။
ဩဂတ်စ် ၂၇ ရက်နိ ကျောက်ပန္ဒူရွာမှ လူသားဒိုင်းကာအဖြစ် အဖမ်းခံခရသူ ၇ ယောက်မှာ ကျေးရွာအုပ်ချုပ်ရီးမှူး ဦးတင်ထွန်း(ခ) မောင်ဘု (၄၄နှစ်)၊ ဦးအောင်တင်ဝင်း(၃၄နှစ်)၊ ဦးဦးရွှေသန်း(၆၀နှစ်)၊ ဦးညီညီ(၄၀နှစ်)၊ ဦးထွန်းအေး လှိုင်(၄၄နှစ်)၊ ဦးရဲမင်းနိုင် (၃၁ နှစ်) နန့် ဦးမောင်ထွန်းမြင့်(၃၆ နှစ်) ရို့ဖြစ်ကတ် သည်။
လက်ဟိ ရက္ခိုင်ပြည်တွင် စစ်ကောင်စီတပ်သည် ရက္ခိုင့်တပ်တော် AA အား ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လျက် ဟိရာ မောင်တော မြို့နယ်အတွင်း၌လေ့ စစ်အင်အား အလုံးအရင်းဖြင့် ဂျက်တိုက်လီယာဉ်များကိုပါ အသုံးပြု ၍ တိုက်ခိုက်နီသည့်အပြင် ရပ်ရွာများအထဲသို့လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊လမ်းပိတ်ဆို့၍စားနပ်ရိက္ခာများဖြတ် တောက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခြင်း၊ လူသားဒိုင်းကာ အဖြစ်အသုံးပြုခြင်း များကိုပါ လူမဆန်စွာ လုပ်ဆောင်နီကြောင်း သိဟိရသည်။
(Zawgyi)
Updated News
APM ၊ ဩဂတ်စ် ၂၈/၂၀၂၂
ထားခခြင်းဖြစ်သည်။