APM၊ ဂျူလိုင် ၂၈ / ၂၀၂၃
ဖိလစ်ပိုင်နိုင်ငံတွင် ဂျူလိုင် ၂၆ ရက်နိ မိုးထပိုင်းမှစ၍ ဒေါ့ဆူရီတိုင်ဖွန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ခရာ ဂျူလိုင် ၂၇ ရက်နိ ညဇာပိုင်းအထိ သီဆုံးသူ ၃၀ ထက်မနည်းဟိလာကြောင်း သိရသည်။
ဂျူလိုင်၂၇ ရက်နိ မွန်းလွဲပိုင်းက ရီဇားပြည်နယ်တွင် လီပြင်းတိုက်ခတ်မှုကြောင့် ခရီးသည်တင်သင်္ဘောတစီး တိမ်းမှောက်ရာ လူ ၂၁ ယောက်ထက်မနည်း သီဆုံးခပြီး လူ ၄၀ လောက်ကို ကယ်တင်နိုင်ခကြောင်း ဖိလစ်ပိုင်ကမ်းခြီစောင့်တပ်မှ ဗိုလ်ချုပ်ကြီး အာမန်ဒို ဘာလီလိုက ရုပ်သံအင်တာဗျူးတခုတွင် ပြောကြားသည်။
မုန်တိုင်းကြောင့် မြီပြိုခြင်း၊ ရီကြီးခြင်းနန့် သစ်ပင်များပြိုလဲခြင်းများတွင် လူ ၉ ယောက်ထက်မနည်း သီဆုံးထား၍ နောက်ထပ် ကူးတို့သင်္ဘောမှောက်မှုကြောင့် သီဆုံးလူ၂၁ ကိုပါထည့်ပေါင်းလျှင် သီဆုံးဦးရေစုစုပေါင်း ၃၀ အထိ တိုးလာခြင်းဖြစ်သည်။
ရီဇားပြည်နယ်၊ ဗီနမ်ဂိုနမ်မြို့ဟိ Laguna de Bay ရီကန်တွင် ကမ်းမှ ၄၅ မီတာ အကွာ၌ လီပြင်းတိုက်ခတ်သဖြင့် ခရီးသည်များ သင်္ဘောတဖက်ခြမ်းတွင် လားစုရာမှ တိမ်းမှောက်လားရခြင်းဖြစ်သည်ဟု ကမ်းခြီစောင့်တပ်မှ ထုတ်ပြန်ထားသည်။
တိုင်ဖွန်းမုန်တိုင်းသည် တနာရီကို ၁၀၈ မိုင်နှုန်းနန့် ဘန်ဂျပ်ပြည်နယ်၊ အေဆာဘေလာပြည်နယ်နန့် ကာဂါယန်ပြည်နယ်ရို့တွင် အဓိကတိုက်ခတ်ခခြင်းဖြစ်သည်။
မုန်တိုင်းကြောင့် အဆိုပါဒေသများမှ လူပေါင်း ၁၂,၀၀၀ ကျော်ကို ဖီးလွှတ်ရာသို့ ရွိပြောင်းပီးခရပြီး နိုင်ငံတွင်းဟိ ဆိပ်ကမ်းအသီးသီးတွင် ခရီးသည် ၄၀၀၀ ကျော် သောင်တင်နီကြောင်း ကမ်းခြီစောင့်တပ်ဖွဲ့က ဆိုသည်။
မုန်တိုင်းဝင်ရောက်တိုက်ခတ်ခသည့် လမ်းကြောင်းတလျှောက်တွင် ရီကြီး မြီပြိုမူများကြောင့် နိုင်ငံတဝန်းအဆောက်အအုံများ ပျက်စီးခပြီး အိမ်ထောင်စု ၄၃,၀၀၀ လောက် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခသည်။
လက်ဟိတွင် မြောက်ပိုင်းပြည်နယ် လေးခုထက်မနည်း ဆိုင်ကလုန်းမုန်တိုင်းသတိပီးချက်အောက်၌ ဆက်ဟိနီတုန်းဖြစ်ပြီး အာဏာပိုင်များက ငါးဖမ်းသင်္ဘောများနန့် ရီယာဉ်ငယ်များကို ပင်လယ်ပြင်သို့ ထွက်ခွာခြင်းမပြုရန် တားမြစ်ထားကြောင်းလေ့ သိဟိရသည်။
Source Boat sinking takes typhoon Doksuri death toll to 30 in Philippines
Photo – EPA