
APM၊ ဂျူလိုင် ၂၈ / ၂၀၂၃
ဆော်ဒီကလပ် အယ်လ်အီးတီဖတ်အသင်းသည် လီဗာပူးအသင်းဂေါင်းဆောင် ဟန်ဒါဆန်ကို ၂၀၂၆ အထိ ၃ နှစ်စာချုပ်ဖြင့် အပြီးသတ်ခေါ်ယူလိုက်ကြောင်း အတည်ပြုပြောကြားသည်။
အသက် ၃၃ နှစ်အရွယ် လီဗာပူး အသင်းဂေါင်းဆောင် ဟန်ဒါဆန်သည် ပြောင်းရွှိကြေး ယူရို ၁၂ သန်းအပြင် အပိုပရိုဂရမ် များဖြင့် အယ်လ်အီးဖတ်အသင်းသို့ ပြောင်းရွှိလာခြင်းဖြစ်သည်။
ဟန်ဒါဆန်သည် အယ်လ်အီးတီဖတ်အသင်းတွင် တပတ်လစာ ပေါင် ၇ သိန်း ရဟိမည်ဟု သိရသည်။
ဟန်ဒါဆန်သည် ၂၀၁၁ ခုနှစ်တွင် ဆန်းဒါးလန်းအသင်းမှ ပြောင်းရွှိကြေး ပေါင်သန်း ၂၀ ဖြင့် လီဗာပူးအသင်းသို့ ရောက်ဟိ လာကာ အသင်းတွင် ပြိုင်ပွဲစုံ ၄၉၂ ပွဲကဇတ်ပြီး ၃၃ ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု (၅၇) ကြိမ်ပြုလုပ်ထားသည်။
Source -Jordan Henderson completes transfer from Liverpool to Al Ettifaq
Photo – Al-Ettifaq FC
