
APM ၊ ဂျူလိုင် ၂၈/ ၂၀၂၃
ရက္ခိုင်တွင် အေဂုလ(ဂျူလိုင် ၁၀ ရက်နိမှ ၂၆ ရက်နိ)အတွင်း ရီမြုပ်သီဆုံးသူ ၁၂ ယောက်အထိ ဟိလာကြောင်း သိရသည်။
ရီမြုပ်သီဆုံးသူများမှာ မင်းပြားမြို့နယ်က ၅ ယောက်၊ ရသေ့တောင်မြို့နယ်က ၁ ယောက်၊ မြောက်ဦးမြို့နယ်မှ ၁ ယောက်၊ ပေါက်တောမြို့နယ်က ၂ ယောက်၊ ကျောက်ဖြူမြို့နယ်က ၂ ယောက်နန့် ပုဏ္ဏားကျွန်းမြို့နယ်က ၁ ယောက် ပါဝင်သည်။
ဂျူလိုင် ၂၆ ရက်က မင်းပြားမြို့နယ်၊ ငပြီ/အင်းရွာမှ ဦးမောင်စိုး(၂၉ နှစ်)မှာ ဟွန်ဒါဖြင့် ပွန်တောင်ရွာသို့လားရာ မင်းဂံမြစ်ဝ တွင် ဟွန်ဒါနစ်မြုပ်၍ သီဆုံးခရသည်။
အလားတူ ဂျူလိုင် ၂၅ ရက်နိ တရက်တည်းတွင် မင်းပြားမြို့နယ်၊ နတ်ကံပြင်(ချင်းရွာ) မှ ဒေါ်မမြဦး (၆၅ နှစ်)နန့် ဒေါ်အေးထုတ်(၅၉ နှစ်)ရို့မှာ မြေပုံမြစ်တွင် ဟွန်ဒါမြုပ်၍ သီဆုံးခရပြီး၊ ရသေ့တောင်မြို့နယ်၊ ရွှီလောင်းတင်ရွာမှ မောင်ထူးမြတ်လင်းမှာလေ့ ရွာချောင်း၌ ရီကဇတ်စဉ် ရီမြုပ်သီဆုံးခရသည်။
ယင်းအပြင် ဂျူလိုင် ၂၁ ရက်နိက မြောက်ဦးမြို့နယ်၊ မြောက်ချောင်းရွာမှ အသက် ၅၀ ကျော်အရွယ် ဦးအပိန်ချေမှာလေ့ မင်းပြားမြို့နယ် လက်မရွာသို့ ဟွန်ဒါနန့်လားစဉ် ဟွန်ဒါမြုပ်၍ သီဆုံးခသည်။
ပြီးခသည့် ဂျူလိုင် ၂၀ ရက်နိ တရက်တည်း၌ ပေါက်တောမြို့နယ်၊ င/ပြီတက်ရွာမှ ဆယ်ကျော်သက် အချေ ၂ ယောက်နန့် မင်းပြားမြို့နယ် တရဂူရွာဟောင်း ( ချင်းရွာ)မှ အသက် ၈၀ အရွယ် သက်ကြီးပိုင်း ၁ ယောက်ရို့လေ့ ရီမြုပ် သီဆုံးခရသည်။
ဂျူလိုင် ၁၈ ရက်နိကလေ့ မင်းပြားမြို့နယ်၊ ကျားပိုက္ကေရွာသား တယောက်၊ ဂျူလိုင် ၁၀ ရက်နိတွင်ကျောက်ဖြူမြို့၊ င/လပွိရပ်ကွက်က ၆ တန်းကျောင်းသားချေ ၂ ယောက်နန် ပုဏ္ဏားကျွန်းမြို့နယ်၊ စေတီရင်းရွာသားတယောက်ရို့လေ့ ရီမြုပ်သီဆုံးခရကြောင်း သိရသည်။
ရက္ခိုင်တွင် မိုးဦးကာလရောက်တိုင်း မြစ်၊ချောင်းများ၌ လိုင်း၊ လီကြီးတတ်၍ ဒေသခံတချို့မကြာမကြာ ရီမြုပ်သီဆုံးမှုများ ဖြစ်ပွားလိဟိပြီး၊ အေဂုမိုးကာလာအတွင်း ရီကြောင်းခရီးလားလာသူများအနီဖြင့် အထူးသတိထားကတ်ရန် လိုအပ်လာ သည်။
