
APM ၊ ဂျူလိုင် ၂၈ / ၂၀၂၃
ယူရိုချန်ပီယံ အင်္ဂလန်အမျိုးသမီးအသင်းသည် ဒေနိ(ဂျူလိုင် ၂၈ ရက်နိ) ဒိန်းမတ်အမျိုးသမီးအသင်း နန့် ယှဉ်ပြိုင်သည့် ကမ္ဘာ့ဖလားပွဲစဉ်တွင် တိုက်စစ်ကဇတ်သမား လော်ရန်ဂျိမ်းစ်၏ သွင်းဂိုးဖြင့် နှစ်ပွဲဆက် အနိုင်ရဟိခကြောင်းသိရသည်။
အုပ်စု (D) ဒုတိယပွဲစဥ်အဖြစ် ဆစ်ဒနီကွင်း၌ ကဇတ်သည့် ပွဲတွင် လော်ရန်ဂျိမ်းစ်က အင်္ဂလန်အတွက် တလုံးတည်းသော အနိုင်ဂိုးအား ပွဲအစ ၆ မိနစ်ကပင် သွင်းယူပီးခသည်။
“အသင်းကို အနိုင်ရအောင် ကူညီပီးရစွာလောက် ပျော်ရွှင်ရစွာမဟိပါ” ဟု ဂျိမ်းစ်က BBC သို့ ပြောကြားခသည်။
အင်္ဂလန်အသင်းသည် လက်ဟိတွင် ရမှတ် ၆ မှတ်ဖြင့် အုပ်စု (D) ထိပ်ဆုံး၌ ရပ်တည်နီပြီး အုပ်စု နောက်ဆုံးပွဲစဉ်ကိုတော့ ရမှတ် ၃ မှတ် ပိုင်ဆိုင်ထားသည့်တရုတ်အသင်း နန့် သြတ်ဂတ်စ် ၁ ရက်နိ ယှဥ်ပြိုင်ရမည် ဖြစ်သည်။
Source-England won with a goal from Lauren James/Reuters
Photo-The Mirror
