
APM၊ ဂျူလိုင် ၂၈/ ၂၀၂၃
ကချင်လွတ်မြောက်ရီးတပ်မတော်(KIA) ဌာနချုပ်တည်ရာ လိုင်ဇာမြို့မှ ခြောက်မိုင်အကွာတွင်ဟိသည့် နန်ဆန်ယန် ကျေးရွာဖက်တွင် ဂျူလိုင် ၂၇ ရက်နိက မြန်မာစစ်တပ်နန့် KIAရို့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားခကြောင်း ဒေသခံများပြောကြားချပ်အရ သိရသည်။
မြန်မာစစ်တပ်နန့် KIA ရို့သည် မြစ်ကြီးနား-ဗန်းမော်ကားလမ်းတလျှောက် တိုက်ပွဲများ ဖြစ်ပွားနီရာမှ ဂျူလိုင် ၂၇ ရက်နိမှာ နန်ဆန်ယန်ရွာနားမှ မဒီးယန်ဖက်တွင် တိုက်ပွဲဖြစ်ပွားခပြီး မြန်မာစစ်တပ်က ညည့် ၁၁နာရီ လောက်တွင် လီယာဉ်နန့် ဗုံးကြဲတိုက်ခိုက်ခသည်။
KIA ပြန်ကြားရီးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မဒီးယန်ဖက်တွင် တိုက်ပွဲများဖြစ်ပွားခကြောင်းနန့် မြန်မာစစ်သားတချို့ ပိတ်မိနီသည့်အတွက် လီယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ကာ ပစ်ကူပီးခကြောင်း၊ ဒုံးကျည်နန့် ၃ကြိမ်ပစ်ခတ်ခပြီး ဗုံး ၁ လုံး ကြဲချခကြောင်း မီဒီယာများသို့ ပြောကြားသည်။
အဆိုပါဗုံးကြဲတိုက်ခိုက်မှုအတွင်း မဒီးယန်နန့် အောင်ဂျာယန်ရွာအကြားတွင် နှစ်လုံးကျရောက်ပေါက်ကွဲခပြီး နီအိမ်တချို့ ပျက်စီးခကြောင်း ဒေသခံများက ဆိုသည်။
ကုန်ခသည့် ဂျူလိုင် ၂၁ ရက်နိ၊ ညည့် ၁၁နာရီလောက်ကလေ့ နန်ဆန်ယန်ကျေးရွာကို မြန်မာစစ်တပ်က ဂျက်ဖိုက်တာ ၄စီးနန့် လီကြောင်းတိုက်ခိုက်မှုပြုလုပ်ခရာ နီအိမ်တချို့ပျက်စီးခပြီး နွား ၄ကောင် သီဆုံးခသိမ့်သည်။
မြန်မာစစ်တပ်သည် နန်ဆန်ယန်ဖက်ကို အပြင်းအထန်ထိုးစစ်ဆင်နီရာ မြစ်ကြီးနား-ဗန်းမော်ကားလမ်းတွင် KIA ပူးပေါင်းတပ်များနန့် တိုက်ပွဲဆက်နီသည်မှာ တလနီးပါးဟိယာဖြစ်သည်။
Photo Asia Times
