
APM ၊ ဂျူလိုင် ၂၈ / ၂၀၂၃
ထိုင်းနိုင်ငံတွင် လာမည့် သြဂတ်စ် ၄ရက်နိတွင် ထိုင်းဝန်ကြီးချုပ်ရွီးချယ်ရန် လွှတ်တော်နှစ်ရပ်ပေါင်း အစည်းဝေး ခေါ်ယူမည်ဟု ထိုင်းလွှတ်တော်ဥက္ကဋ္ဌ ဝမ်မူဟာမက် နျူအာမာသာက ဂျူလိုင် ၂၇ ရက်တွင် ပြောကြားသည်။
ရွီးကောက်ပွဲအပြီး နှစ်လကျော်ကြာသည်အထိ ဝန်ကြီးချုပ်ရွီးချယ်ပွဲ မအောင်မြင်ဘဲ နိုင်ငံရီးအခြေအနီ ရှုပ်ထွီးလာသည့် အတွက် ဝန်ကြီးချုပ်သစ်တယောက်ကို ထပ်မံရွီးချယ်မည်ဖြစ်ပြီး အယင်မဲခွဲဆုံးဖြတ်မှုများတွင် ပိတ်ပင်ခံခရသည့် Move Forward ဂေါင်း ဆောင် ပီတာလင်ဂျာရိုရတ်လေ့ ပါလီမန်၏ မဲခွဲမှုနန့်ပတ်သက်၍ အသနားခံစာတခုကို တရားရုံးသို့ တင်သွင်းထားသည်။
ပီတာ လင်ဂျာရိုရတ်အပေါ် ပါလီမန်၏ မဲခွဲမှုများသည် ဖွဲစည်းပုံအခြီခံဥပဒေနန့် မညီဟု တိုင်ကြားမှုများ လက်ခံရဟိပြီးနောက် အဆိုပါကိစ္စနန့်ပတ်သက်၍ အစိုးရစုံစမ်းရီးအရာဟိက တရားရုံးသို့ အသနားခံ စာတင်သွင်းခခြင်းဖြစ်သည်။
အဆိုပါအသနားခံစာတွင် ပီတာကို ဝန်ကြီးချုပ်အဖြစ် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ၌ ဗီတိုအာဏာသုံးပယ်ချနိုင်သည့် အထက်လွှတ်တော်အမတ်များ၏ လုပ်ပိုင်ခွင့် ဖွဲစည်းပုံအခြီခံဥပဒေ အပိုဒ်ခွဲ -၂၇၂ ကို ပယ်ဖျက်ပီးရန် တောင်းဆိုထားသည်။
အဆိုပါ အသနားခံစာကို တရားရုံးက လက်ခံမည်လားဆိုသည်ကို သြဂတ်စ် ၄ ရက်နိ လွှတ်တော်အစည်းအဝေးတွင် အခြေအတင် ဆွေးနွေးလားမည်ဖြစ်ပြီး အသနားခံစာကို တရားရုံးက လက်ခံလိုက်မည်ဆိုလျှင် ဝန်ကြီးချုပ် ရွီးချယ်ပွဲ ပို၍ နှောင့်နှေးလားမည်ဖြစ်ကြောင်း လွှတ်တော် ဉက္ကဋ္ဌက ပြောကြားခသည်။
ထိုင်းဝန်ကြီးချုပ်ဖြစ်လာရန် ကြိုးစားနီသည့်အထဲတွင် Move Forward ပါတီအပြင် ဒုတိယအားအကောင်းဆုံးပါတီ ဖြူးထိုင်း ပါတီမှလေ့ ကိုယ်စားလှယ် သုံးယောက်ဟိနီပြီး ယင်းအထဲမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏သမီး ပက်တုံတန် ရှင်နာဝပ် လေ့ပါဝင်နီသည်။
သက်ဆင်သည် ၂၀၀၁ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် ရွီးကောက်ခံရပြီး ၂၀၀၅ ခုနှစ်တွင် အကျင့်ပျက်ခြစားမှု၊ အာဏာ အလွဲသုံးစားမှုနန့် ဘုရင်စနစ်ကို မထီမဲ့မြင်ပြုမှုရို့ဖြင့် စွပ်စွဲခံရကာ ၂၀၀၆ ခုနှစ်တွင် စစ်တပ်၏ ဖြုတ်ချခြင်းကို ခံခရသည့် ဝန်ကြီးချုပ်ဟောင်း ဖြစ်သည်။
Source – Thailands Parliament prepares to hold fresh PM vote on Aug 4
Photo – AP
