
APM ၊ ဂျုန် ၂၈ / ၂၀၂၃
ပြီးခသည့် ၂ဝ၁၈ ခုနှစ်အတွင်းက စစ်တွေမြို့တွင် ဗုံး ၃ လုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ပုဒ်မ ၃ ခုနန့် ထောင်ဒဏ် နှစ် ၃ဝ ချ မှတ်ခံထားရသည့် ဦးအေးဝင်းသည် စစ်တွေအကျည်းထောင်မှ ဒေနိ(ဂျုန်၂၈ ရက်နိ)မိုးထ ၉ နာရီလောက်တွင် ပြန်လွတ် လာကြောင်းသိရသည်။
ဦးအေးဝင်းမှာ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် မတရားစွပ်စွဲခံရကာ ထောင်ဒဏ်နှစ် ၃ဝ ချခံထားရကေလေ့ ပြစ်ဒဏ်လျှော့ ပေါ့ပီးမှု (၃) ကြိမ် ရဟိခ၍ ၅ နှစ်ကျော်ရာကျခံခရပြီးနောက် ပြန်လွတ်လာခြင်းဖြစ်သည်။
စစ်တွေမြို့တွင် ပြီးခသည့် ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နိက တရားရုံးရှိ၊ ဦးတင်မောင်ဆွေ အိမ်ရှိနန့် မြီစာရင်းရုံးအနား တွင် ဗုံး ၃ လုံးဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားခခြင်းဖြစ်သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့်စစ်တွေမြို့မရဲစခန်းမှ ဦးအေးဝင်းကို ဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရီးဥပဒေပုဒ်မ ၅ဝ (က)နန့် ၁ဝ နှစ်၊ ၅၁ (က)နန့် ၁ဝ နှစ်၊ ၅၂ (က)နန့် ၁ဝ နှစ်၊ စုစုပေါင်းထောင်ဒဏ် နှစ် ၃ဝ ကို စစ်တွေခရိုင်တရားရုံးမှ ၂၀၁၈ ခုနှစ်၊ နိုဗမ်ဘာ ၁၆ ရက်နိတွင် ချမှတ်ခကြောင်း သိရသည်။
Photo – Narinjara
