APM ၊ ဂျုန် ၂၈ / ၂၀၂၃
မြန်မာပြည်တွင် ဈီးနှုန်းမြှင့်တက်မှု၊ ကုန်ပစ္စည်းယှားပါးမှုကြောင့် မြန်မာ့စီးပွားရီးအခြေအနီ ပိုဆိုးလာနီကြောင်း ကမ္ဘာ့ဘဏ်၏ ဂျုန် ၂၇ ရက်နိထုတ်ပြန်သည့် နှစ်တဝက်အစီရင်ခံစာတွင် ဖော်ပြသည်။
မြန်မာပြည်တွင် ၂၀၂၃ ခုနှစ်၊ ပထမနှစ်တဝက်တွင် စီးပွားရီးအခြေအနီ ပြန်တည်ငြိမ်လာကေလေ့ စီးပွားရီးလုပ်ငန်းများ သည် စိန်ခေါ်မှုများကို ရင်ဆိုင်နီရပြီး အိမ်ထောင်စုများ၏ဝင်ငွေမှာ အားနည်းနီကာ စားနပ် ရိက္ခာဖုံလုံမှု စိုးရိမ်စရာဖြစ်နီ သည်ဟုဆိုသည်။
မြန်မာပြည်၏ ပျှမ်းမျှနှစ်အလိုက် ငွေကြေးဖောင်းကြွမှုသည် ပြီးခသည့်၂၀၂၂ ခုနှစ်က ၁၈ ဒသမ ၃ ရာခိုင်နှုန်းဟိရာကနီ ၂၀၂၃ ခုနှစ်၊ စပ်တမ်ဘာလကုန်တွင် ၁၄ ရာခိုင်နှုန်းသို့ ကျဆင်းလားပြီး လာမည့် ၂၀၂၄ခုနှစ်တွင် ထပ်မံကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
အလားတူ ရောင်းလိုအားနန့်ဝယ်လိုအားကန့်သတ်ချက်များကြောင့် နိုင် ငံ၏ GDP သည် ၂၀၂၃ခုနှစ်၊ စပ်တမ်ဘာလအထိ ၃ရာခိုင်နှုန်းတိုးလာမည်ဟု ခန့်မှန်းထားပြီး အဆိုပါရာခိုင်နှုန်းသည် ၂၀၁၉ ခုနှစ်က GDP ထက် ၁၀ ရာခိုင်နှုန်း ကျဆင်းလား ခြင်းဖြစ်သည်။
ယင်းအပြင် ပိုမိုဆိုးရွားလာသည့် ပြည်တွင်းပဋိပက္ခများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကျဆင်းခြင်းနန့် ငွေကြေး ဖောင်း ကြွမှု ဖိအားများသည် ဆက်လက်ဖြစ်ပွားနီပြီး Mochaဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးယှုံးမှုများခသည့် အတွက် လူသားချင်း စာနာထောက်ထားမှုအကူအညီများလိုအပ်နီကြောင်းလေ့ အစီရင်ခံ စာတွင် ဖော်ပြထားသည်။
အိမ်ထောင်စုထက်ဝက်နီးပါးမှာ ကျန်းမာရီး၊ ပညာရီးအတွက် ပိုင်ဆိုင်မှုများကိုရောင်းချခြင်း၊ ချီငှားခြင်းနန့် အသုံး စရိတ် များကို ကန့်သတ်သုံး စွဲခြင်းစသည့် ဖြေယှင်းနည်းများကြောင့် လူမှုဖူလုံရီးကို ပျက်စီးကာ ရီရှည်ဝင်ငွေကို ထိခိုက်စီကြောင်း လေ့ အစီရင်ခံစာ၌ ပါဟိသည်။
မြန်မာပြည်တွင် ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အလုပ်သမားများ ၏ ပျှမ်းမျှလုပ်ခလစာသည် ၁၅ ရာခိုင်နှုန်းကျဆင်း လားပြီး ၂၀၂၂ ခုနှစ်တွင် အိမ်ထောင်စု ထက်ဝက်နီးပါးသည် ဝင်ငွေများကျဆင်းလားသည်ဟု အစီရင်ခံစာတွင် ဖော်ပြ ထားချက်အရ သိရသည်။
Source- Myanmars economic recovery slowed by high prices and shortages/ World Bank
Photo – WFP