APM၊ ဂျုန်၂၈/၂၀၂၂
မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ရွာမှ အသက် (၁၇ နှစ်) အရွယ် မူဆလင်ကျောင်းသားလူငယ်တယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးလားခပြီးနောက် တပတ်ကြာသည်အထိ မိသားစုနန့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနီကြောင်း သိဟိရသည်။
ဖမ်းဆီးခံရပြီးပျောက်ဆုံးနီသူမှာ မောင်ဖိုင်ဒုတ်(၁၇ နှစ်) အဖ-ဦးမောလ်ဇုရ်ဖြစ်ပြီး သူ့ကိုဂျုန် ၂၂ ရက်နိက မြောက်ဦးအခြီစိုက် စစ်ကောင်စီတပ် ခမရ (၅၄၀) တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဖမ်းယူလားခြင်းဖြစ်သည်။
၁၀-တန်းကျောင်းသား မောင်ဖိုင်ဒုတ်ကို ဖမ်းယူလားခသည်မှာ တပတ်ခန့်ကြာမြင့်လာသည်အထိ စစ်ကောင်စီဖက်က တစုံတရာအကြောင်းကြားလာခြင်းမဟိပိုင်၊သတင်းအစအနလေ့ လုံးဝမရဘဲပျောက်ဆုံးနီကြောင်းမိသားစုဝင်များကပြောသည်။
“ လုံး၀ အဆက်အသွယ်မရပါ။ ဒေလ ၂၂ ရက်နိကပင် ဖမ်းလားခစွာ။ ဒေနိဆိုကေ တပတ်ဟိပါဗျာယ်။ သတင်းအစအနမရလို့ အိမ်ကလူတိလေ့ စိုးရိမ်နီကတ်ပါရေ” ဟု မောင်ဖိုင်ဒုတ်၏ မိသားစုဝင်တယောက်က ဆိုသည်။
ယင်းအပြင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)မှ ဂျုန် ၂၇ ရက်နိက ထုတ်ပြန်ခသည့် မြောက်ဦးမြို့နယ်မှ စစ်ကောင်စီတပ် ဖမ်းဆီးခရသူ (၉) ယောက် စာရင်းထဲတွင်လေ့ မောင်ဖိုင်ဒုတ် မပါဝင်ဟု သိရသည်။
ယင်းနည်းတူ စစ်တွေမြို့ ဓညဝတီ (က) ရပ်ကွက်မှ သက်ကြီးပိုင်းအရွယ် ၃ ယောက်ကိုလေ့ ဂျုန် ၂၄ ရက်နိက စစ်ကောင်စီတပ် ဖမ်းယူလားခပြီး၊ စစ်တွေမြို့စရဖရုံး၌ စစ်ဆီးလျက်ဟိရာ အဂုအချိန်ထိ မိသားစုဝင်များနန့် အဆက်အသွယ်မရသိမ့်ကြောင်း သိရသည်။
(Zawgyi)
ေျမာက္ဦးတြင္ ေက်ာင္းသားလူငယ္တေယာက္ စစ္ေကာင္စီတပ္ ဖမ္းဆီးလားခၿပီး ေပ်ာက္ဆုံးနီ
APM၊ ဂ်ဳန္၂၈/၂၀၂၂
ေျမာက္ဦးၿမိဳ႕နယ္၊ ေပါင္းတုတ္႐ြာမွ အသက္ (၁၇ ႏွစ္) အ႐ြယ္ မူဆလင္ေက်ာင္းသားလူငယ္တေယာက္ကို စစ္ေကာင္စီတပ္က ဖမ္းဆီးလားခၿပီးေနာက္ တပတ္ၾကာသည္အထိ မိသားစုနန႔္ အဆက္အသြယ္မရဘဲ ေပ်ာက္ဆုံးနီေၾကာင္း သိဟိရသည္။
ဖမ္းဆီးခံရၿပီးေပ်ာက္ဆုံးနီသူမွာ ေမာင္ဖိုင္ဒုတ္(၁၇ႏွစ္) အဖ-ဦးေမာလ္ဇုရ္ျဖစ္ၿပီး သူ႔ကိုဂ်ဳန္ ၂၂ ရက္နိက ေျမာက္ဦးအၿခီစိုက္ စစ္ေကာင္စီတပ္ ခမရ (၅၄၀) တပ္ရင္းမွ တပ္ဖြဲ႕ဝင္မ်ားက ဖမ္းယူလားျခင္းျဖစ္သည္။
၁၀-တန္းေက်ာင္းသား ေမာင္ဖိုင္ဒုတ္ကို ဖမ္းယူလားခသည္မွာ တပတ္ခန္႔ၾကာျမင့္လာသည္အထိ စစ္ေကာင္စီ ဖက္က တစုံတရာ အေၾကာင္းၾကားလာျခင္းမဟိပိုင္၊ သတင္းအစအနေလ့ လုံးဝမရဘဲ ေပ်ာက္ဆုံးနီေၾကာင္း မိသားစုဝင္မ်ားကေျပာ သည္။
“ လုံး၀ အဆက္အသြယ္မရပါ။ ေဒလ ၂၂ ရက္နိကပင္ ဖမ္းလားခစြာ။ ေဒနိဆိုေက တပတ္ဟိပါဗ်ာယ္။ သတင္း အစအနမရလို႔ အိမ္ကလူတိေလ့ စိုးရိမ္နီကတ္ပါေရ” ဟု ေမာင္ဖိုင္ဒုတ္၏ မိသားစုဝင္တေယာက္က ဆိုသည္။
ယင္းအျပင္ ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္/ရကၡိဳင့္တပ္ေတာ္(ULA/AA)မွ ဂ်ဳန္ ၂၇ ရက္နိက ထုတ္ျပန္ခသည့္ ေျမာက္ဦးၿမိဳ႕နယ္မွ စစ္ေကာင္စီတပ္ ဖမ္းဆီးခရသူ (၉) ေယာက္ စာရင္းထဲတြင္ေလ့ ေမာင္ဖိုင္ဒုတ္ မပါဝင္ ဟုသိရသည္။
ယင္းနည္းတူ စစ္ေတြၿမိဳ႕ ဓညဝတီ (က) ရပ္ကြက္မွ သက္ႀကီးပိုင္းအ႐ြယ္ ၃ ေယာက္ကိုေလ့ ဂ်ဳန္ ၂၄ ရက္နိက စစ္ေကာင္စီတပ္ ဖမ္းယူလားခၿပီး၊ စစ္ေတြၿမိဳ႕စရဖ႐ုံး၌ စစ္ဆီးလ်က္ဟိရာ အဂုအခ်ိန္ထိ မိသားစုဝင္မ်ားနန႔္ အဆက္အသြယ္မရသိမ့္ေၾကာင္း သိရသည္။