
APM၊ မေ ၂၈ /၂၀၂၄
ရက္ခိုင်မာ ၆ လအတွင်း စစ်ကောင်စီ၏ ကြည်း၊ရီ၊ လီ ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် သီဆုံးသူ ၂၆၈ ယောက်နန့် ဒဏ်ရာရဟိသူ ၆၄၀ ယောက်ဟိပြီးကေ၊ မတရားဖမ်းဆီးခံရသူ ၄၂၅ ယောက်အထိဟိရေလို့ လူသားချင်းစာနာထောက်ထားမှုနန် ဖွံ့ဖြိုးရီးဆိုင်ရာပူးပေါင်းဆောင်ရွက်ရီးရုံး (HDCO) က မေ၂၇ ရက်နိမာ ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်တိစွာ တိုက်ပွဲနန် မသက်ဆိုင်ရေ အပြစ်မဲ့ပြည်သူလူထုပို့၊ အရပ်ဖက်အဆောက်အအုံရို့၊ ဘာသာရီးအဆောက်အအုံရို့ကို စစ်ဖက်ဆိုင်ရာ ပစ်မှတ်အဖြစ် ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်တိုက်ခိုက်မှုတိကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ မေ ၁၃ ရက်အထိ ၆ လ အတွင်း အပြစ်မဲ့ပြည်သူ ၂၆၈ ယောက် သီဆုံးနန့် ထိခိုက်ဒဏ်ရာရသူ ၆၄၀ ဟိပြိးကေ၊ မတရား ဖမ်းဆီး ချုပ်နှောင်ခံထားရရေ အာရက္ခပြည်သူလည်း ၄၂၅ ယောက်အထိဟိလာရေလို့ ဖော်ပြထားပါရေ။
ယင်းအပြင် သီဆုံးသူတိထဲမာ အမျိုးသမီး ၂၈ ရာခိုင်နှုန်း၊ အမျိုးသား ၇၂ ရာခိုင်နှုန်းပါဝင်ရေပိုင်၊ ဒဏ်ရာရဟိသူတိထဲမာလည်း အမျိုးသမီး ၄၃ ရာခိုင်နှုန်းနန် အမျိုးသား ၅၇ ရာခိုင်နှုန်းပါဝင်ရေလို့ ဆိုပါရေ။
သီဆုံးသူတိထဲမာ ရက္ခိုင်ဗုဒ္ဓဘာသာဝင် ၁၈၂ ဦးနန့် အများဆုံးဖြစ်ပြီးကေ ဒုတိယအများဆုံးမာ အစ္စလာမ်ဘာသာဝင် ၇၈ ဦးဖြစ်ပနာ၊ မြို (ခရစ်ယာန်) ၃ ဦး၊ ဗမာ (ဗုဒ္ဓဘာသာ) ၂ ဦး၊ ခူမီး (ခရစ်ယာန်) ၂ ဦးနန့် မရမာကြီး (ဗုဒ္ဓဘာသာ) ၁ ဦးပါဝင်ရေလို့ ထုတ်ပြန်ချက်မာ ဖော်ပြပါဟိပါရေ။

