APM ၊ မေ ၂၈ / ၂၀၂၃
မုန်တိုင်းဒဏ် အပြင်းထန်ဆုံးခံခရသည့် ရက္ခိုင်နန့် တခြားဒေသများမှ ထိခိုက်လွယ်သူများကို ထောက်ပံ့ရန် အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၃၃သန်းချက်ချင်းလိုအပ်နီကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရီးရုံး (UNOCHA) က မေ ၂၇ ရက် နိတွင် ထုတ်ပြန်သည်။
ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို ခံခရသည့် ဒေသများနန့် ရပ်ရွာအားလုံးတွင် စိုက်ပျိုးရီးနန့် ရီလုပ်ငန်းကို ရိုက်ခတ်ခပြီး အသက်မွီး ဝမ်းကျောင်းအတွက် ပိုင်ဆိုင်မှုပစ္စည်းများ ဆုံးယှုံးခြင်းများဖြစ်ပေါ်ခပြီး မုန်တိုင်းသင့်ပြည်သူ ၁ဒသမ ၆ သန်း အတွက် အရေးပေါ်ထောက်ပံ့ရန် အမေရိကန်ဒေါ်လာ ၃၃၃သန်းလိုအပ်နီကာ နဂိုကပင် နိုင်ငံရီးပဋိပက္ခ၊ ကိုဗစ်ရောဂါနန့် စီးပွားရီး မတည်မငြိမ်မှုများဟိနီသည့် မြန်မာပြည်အတွက် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ ပိုဆိုးဝါးစီကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် မုန်တိုင်းအပြီးတွင် စျီးကွက်များ ပြန်လည်ဖွင့်လှစ်နိုင်ခကေလေ့ အခြီခံအမိုးအကာနန့် စားနပ်ရိက္ခာဈီးနှုန်းများ တဟုန်ထိုးတက်လာ၍ ဆင်းရဲနွမ်းပါးသည့် လူများအတွက် စားဝတ်နီရီး ပိုမိုခက်ခဲနီသည်ဟု ဆိုသည်။
မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံး ထိခိုက်ခံရသူအများစုသည် ယခုအခါ ယာယီနီရာများ၊ ဘုန်းကြီးကျောင်းများတွင် နီထိုင် နီကတ်ရဆဲဖြစ်ပြီး အရေးပေါ်လူသားချင်းစာနာမှုအကူအညီများဖြစ်သည့် အမိုးအကာ၊ ရီ၊ မိလ္လာနန့် စားနပ်ရိက္ခာအပါအဝင် အရေးပေါ် အကူအညီများ ချက်ချင်း လိုအပ်နီသည်ဟုလေ့ ဖော်ပြထားသည်။
လက်ဟိတွင် UNOCHA အနီနန့် WFP မှ စားနပ်ရိက္ခာထောက်ပံ့မှုဖြင့် ရက္ခိုင်ပြည်ဟိ အနည်းဆုံးလူပေါင်း ၁သိန်း ၇သောင်းအတွက် ထောက်ပံ့ရီးပစ္စည်းများကို တင်သွင်းထားပြီး ဆန်တန်ချိန် ၂၀၀၀ ကျော်နန့် စားသောက်ကုန် ၁၁၁ မက်ထရစ်တန်ကို မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ ဖြန့်ဝီပီးထားကြောင်း သိရသည်။
အလားတူ အမိုးအကာနန့် တခြားကယ်ဆယ်ရီးပစ္စည်းများကို ရက္ခိုင်ပြည်ဟိ မြို့နယ် ၈ ခုတွင် အိမ်ထောင်စု ၇,၇၀၀ အား တတ်နိုင်သမျှ ဖြန့်ဝီပီးလျှက်ဟိပြီး အမိုးအကာများ ပြုပြင်ရန်အတွက် ထောက်ပံ့ငွေများလေ့ ဖြန့်ဝီနီသည်ဟု ဆိုသည်။
ယင်းအပြင် သောက်သုံးရီနန့် တကိုယ်ရေသန့်ယှင်းမှုဆိုင်ရာ ပစ္စည်းများကိုလေ့ ဖြန့်ဝီပီးနီပြီး ရက္ခိုင်ပြည်ဟိ ရီဖီးသင့် ကျေးရွာများနန့် စစ်ဖီးယှောင်စခန်းများသို့ သောက်သုံးရီ လီတာ ၃သောင်းကျော်ကို ပြီးခသည့်ရက်ပိုင်းအတွင်း ဖြန့်ဝီခ ကြောင်း၊ ချင်းပြည်နန့် မကွေးတိုင်းရို့ဟိအနည်း ဆုံး မြို့နယ်ခြောက်မြို့နယ်မှ ရီဖီးသင့် အိမ်ထောင်စု ၄,၅၀၀ ကျော်ကို တကိုယ်ရေသန့်ယှင်းမှုဆိုင်ရာ ပစ္စည်းများထောက်ပံ့ပီးနီကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Photo – UNOCHA Myanmar