
APM ၊ ဧပြီ ၂၈ / ၂၀၂၃
ဘာစီလိုနာအမျိုးသမီးအသင်းသည် ဧပြီ ၂၇ ရက်နိညည့်ယှဥ်ပြိုင်ခသည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဥ်တွင် ချဲလ်ဆီးအမျိုးသမီးအသင်းကို ၁-၁ ဂိုး သရေကျ၍ နှစ်ကျော့ပေါင်း ၂-၁ ဂိုးဖြင့် အနိုင်ရကာ အမျိုးသမီး ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ၃ နှစ်ဆက်တိုက် တက်ရောက်လားခသည်။
ဘာစီလိုနာသည် ဆီးမီးဖိုင်နယ်ပထမအကျော့တွင် ချဲလ်ဆီးကွင်း၌ ၁-၀ ဂိုးမဟိဖြင့်အနိုင်ရခပြီး၊ ဒုတိယအကျော့ အိမ်ကွင်း (နူးကမ့်) တွင် ၁-၁ ဂိုးသရေကျခသည့်အတွက် နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဂိုးဖြင့်အနိုင်ရဟိခသည်။
ဗိုလ်လုပွဲကိုတော့ လာမည့် မေ ၁ ရက်နိယှဥ်ပြိုင်မည့် အာဆင်နယ်နန့် ဝုဖ်ဘတ်ပွဲစဥ်မှ အနိုင်ရသည့်အသင်းနန့် ဂျုန် ၃ ရက်နိ နယ်သာလန်နိုင်ငံ Eindhoven တွင် ရင်ဆိုင်ရမည်ဖြစ်ကာ၊ အာဆင်နယ်နန့် ဝုဖ်ဘတ်သည် ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ် ပထမ အကျော့တွင် ၂-၂ ဂိုးစီဖြင့် သရေကျထားသည်။
ဘာစီလိုနာအမျိုးသမီးအသင်းသည် ပြီးခသည့်နှစ်က ချန်ပီယံလိဂ်ဖိုင်နယ်တွင် လိုင်ယွန်အသင်းကို ယှုံးနိမ့်ခရပြီး၊ ချဲလ်ဆီး အမျိုးသမီးအသင်းကတော့ ပြီးခသည့်နှစ်တွင် ပထမဆုံး တိုက်ကြီးချန်ပီယံဆုကို ဆွတ်ခူးရဟိခကြောင်း သိရသည်။
Source – Barcelona attend the Women’s Champions League final for 3 years in a row
Photo – Sporting Tribune
