
APM ၊ ဧပြီ ၂၈ / ၂၀၂၃
ရက္ခိုင်တွင် လူသိများထင်ရှားပြီး နှစ်စဉ်နှစ်တိုင်းရိုးရာအစဉ်အလာမပျက် ကျင်းပလာသည့် ရမ်းဗြဲ ရမ္မာဝတီရိုးရာ လှီပြိုင်ပွဲကို ဒေနှစ်(၂၀၂၃ ခုနှစ်)တွင် အခြေအနေအမျိုးမျိုးကြောင့် မကျင်းပဖြစ်ကြောင်း သိရသည်။
ရမ္မာဝတီရိုးရာလှီပြိုင်ကို နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်ကျော် ၂ ရက်နိမှစ၍ ၅ ရက်တိုင်တိုင် ကျင်းပလိဟိပြီး စီစဉ်ရန်အချိန်နီးကပ်လားသည့်အပြင် နိုင်ငံရီးအခြေအနေ တချို့နန့် ပြိုင်ပွဲဝင်များ နည်းလားပါးလားခြင်း စသည့် အခြေအနေများ ကြောင့် မကျင်းပဖြစ်ဟု ပွဲကျင်းပရီးဦးဆောင်ကော်မတီပြောသည်။
ရမ္မာဝတီရိုးရာလှီပြိုင်ပွဲသည် ရက္ခိုင်ပြည်တွင် နာည်ကြီး ရိုးရာလှီပြိုင်ပွဲတခုဖြစ်ပြီး ရမ်းဗြဲမြို့နယ်ကျေးရွာ အသီးသီးက လူငယ်လူရွယ်များ လာရောက်ယှဉ်ပြိုင်ကတ်သည့်အပြင် တောင်ကုတ်၊ မာန်အောင် အပါအဝင် ရက္ခိုပြည် မြို့နယ်အသီး သီးက အသင်းတချို့လေ့ ပါဝင်ဆင်နွှံလိဟိသည်။
ရမ္မာဝတီရိုးရာလှီပြိုင်ပွဲကို မြောက်ဦးခေတ်မှစတင်ကျင်းပလာခခြင်းဟုသိရပြီး အကြောင်းအမျိုးမျိုးကြောင့် ပြိုင်ပွဲကို ရပ်တန့်ထားခရာမှ ၁၉၄၈ ခုနှစ်တွင် ပြန်လည်ဖော်ထုတ်ကျင်းပလာခခြင်းဖြစ်ကြောင်း သိဟိရသည်။
Photo – ရမ္မာဝတီရိုးရာလှီပြိုင်ပွဲ ကျင်းပရီးကော်မတီ


