APM ၊ ဧပြီ ၂၈ / ၂၀၂၃
ရက္ခိုင်ပြည်မှာ ဒုတိယသင်္ကြန်ဟု တင်စားထားသည့် ရီပေါ်သင်္ကြန်ပွဲတော်နန့်အတူ သေလာဂီရိမောရပဗ္ဗတ ကျောက်တော်တောင်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်စွာ ကျင်းပလျက်ဟိကြောင်း သိရသည်။
ပွဲတော်ကို ဧပြီ ၂၆ ရက်ကနီ ၃၀ ရက်နိအထိ ၅ ရက်တိုင်တိုင်ကျင်းပခြင်းဖြစ်ပြီး အာရက္ခ ပြည်သူပေါင်း ထောင်ချီ ပါဝင်ဆင်နွှဲလျက်ဟိသည်။
ဘုရားပွဲတော်တွင် ဘုရားအနေကဇာတင်ခြင်း၊ ပရိတ်ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်းများပြုလုပ်ကာ နိခင်းပွဲအဖြစ် ရက္ခိုင်ရိုးရာလှီပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပွဲ၊ ကြိုးဆွဲပွဲ နန့် ရက္ခိုင်ရို့ရာကျင်ပွဲရို့လေ့ ထည်သွင်းကျင်းပလျက်ဟိကြောင်း ပွဲကျင်းပရီးကောမတီကပြောသည်။
ညည့်ပွဲအဖြစ် ဇတ်သဘင်ဖြင့်လေ့ ဧပြီ ၂၆ ရက်နိမှ ၃၀ ရက်နိအထိ ၅ ညည့်တိုင်တိုင်ကပြဖျော်ဖြေလျက် ဟိသည်ဟု ဆိုသည်။
ယင်းအပြင် ပွဲတော်ကာလအတွင်း ကျောက်တော်တောင်အောက်ဟိ ကစ္ဆပနဒီမြစ်ပြင်တွင်လေ့ ရီပေါ်သင်္ကြန် ပွဲတော် ကျင်းပလျက်ဟိပြီး မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနန့် စစ်တွေအပါအဝင် ရက္ခိုင်ပြည် မြို့နယ်အသီးသီးမှ ပရိသတ် ထောင်ချီကာ စက်လှီများဖြင့် ပျော်ရွှင်စွာ လာရောက် ပါဝင်ဆင်နွှဲလျက်ဟိကြောင်း မြို့ခံများက ပြောသည်။
ကျောက်တော်တောင် ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို ရက္ခိုင်တွင် ဒုတိယသင်္ကြန်ဟု လူသိများပြီး နာမည်ကြီး ပွဲတော်ကာ ကုန်ခသည့် ၂ဝ၁၉ ခုနှစ် မှ ၂ဝ၂၁ ခုနှစ်အထိ စစ်ရီးနန့် ကိုဗစ်ကပ်ဖီးရို့ကြောင့် စည်ကားစွာ ကျင်းပနိုင်ခြင်းမဟိခဟု သိရသည်။