APM ၊ ဧပြီ ၂၈ / ၂၀၂၃
မြန်မာစစ်တပ်ကဖမ်းယူလားခပြီး စစ်ပုန်ကန်မှုဥပဒေပုဒ်မ ၁၃၁၊ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁)စသည့် ပုဒ်မနှစ်ခု နန့် တရားစွဲ ခံထားရသည့်ကျောက်တော်မြို့နယ်က ဆန်စက်ပိုင်သျှင်အမှုကို ဒေနိ (ဧပြီ ၂၈ ရက်နိ)တွင် စစ်တွေမြို့ တရားရုံး ၌ ရုံးထုတ်ခ ကေလေ့ တရားလို ထပ်မ့ပျက်ကွက်ပြန်ကြောင်း သိရသည်။
ပုဒ်မနှစ်ခုနန့် တရားစွဲခံထားရ သည့်အဆိုပါ ဆန်စက်ပိုင်သျှင်မှာ ကျောက်တော်မြို့နယ်၊ ကာဒီရွာ (ခ) သဇင်ရွာမှ ဦးလှမောင်သန်း (၄၃နှစ်) ဖြစ်သည်။
အမှုကို ကုန်ခသည့် ဧပြီ ၂၆ ရက်နိ၌ ရုံးချိန်းထားရာမှ တရား လိုမအားဟုဆိုကာ ဒေနိသို့ ရွှိထားခြင်းဖြစ်ပြီး ဒေနိရုံးချိန်း တွင်လေ့ တရားလိုထပ်မံပျက်ကွက်ပြန်၍ လာမည့် မေ ၈ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ပြန်သည်။
ဦးလှမောင်သန်းကို ကုန်ခသည့် ၂၀၂၂ ခုနှစ် အောက်တို ဘာ ၂ ရက်နိက ကန်စောက်အခြီစိုက် မြန်မာစစ်တပ် ခမရ (၅၃၉) တပ်ရင်းမှူးမှ ဖုန်းဆက်ခေါ်၍ လားရောက်ရာမှ ပြန်မလွှတ်ဘဲ ဖမ်း ထားလိုက်ခြင်း ဖြစ်သည်။
ယင်းနောက် သူ့ကို ပုဒ်မ ၁၇(၁)နန့် တရားစွဲဆိုကာ ရုံးထုတ်စစ်ဆီးနီစဥ်အတွင်းမှာပင် ပုဒ်မ ၁၃၁ နန့်ပါ ထပ်တိုး တရားစွဲဆို ခပြီး ဆက်လက်ရုံးထုတ်စစ်ဆီးလျက်ဟိရာ တရားလိုမရောက်၍ ရုံးချိန်းမအကြိမ်ကြိမ် ရွှိဆိုင်းခံနီရ သည်။
ဦးလှမောင်သန်းအပါအဝင် ရက္ခိုင်ပြည်မြို့နယ် အသီးသီးမှ မြန်မာစစ်တပ်ဖမ်းဆီး တရားစွဲခံထားရ သူများ၏ အမှုများတွင် လေ့ မြန်မာစစ်တပ်ဖက်က တရားလိုများသည် တရားရုံးကို မထီမဲ့မြင် ပြုလျက်ရုံးချိန်း လာရောက်ခြင်း မဟိဘဲ အကြိမ် ကြိမ်ပျက်ကွက်နီသည်။
ယင်းသို့ တရားလိုဖက်မှ ရုံးချိန်းပျက်ကွက်နီ၍ စွပ်စွဲခံရသူအမှုသည်များတွင် ရုံးချိန်းလားရသည့် စရိတ်စခ အပါအဝင် နစ်နာမှုများစွာဟိနီကာ အမှုကို အ ယင်စစ်ဆီးပြီး အပြစ်ဟိက ပြစ်ဒဏ်ချ၊ အပြစ်မဟိက အယင်ဆုံး ပြန်လွှတ် ပီးစီချင် ကြောင်း စွပ်စွဲခံရသူများ၏ မိသားစုဝင်များက တောင်းဆိုနီကတ်သည်။