APM ၊ ဧပြီ ၂၈ / ၂၀၂၃
လာမည့်မေလ ၂ဝ ရက်နိတွင် စတင်ကျင်းပမည့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းအတွက် ကဇတ်ခွင့်မပြုရန် ဂါနာချိုအား မန်ယူက တာမြစ်ပိတ်ပင်လိုက်သည်။
အသက် ၁၈ နှစ်အရွယ် အာဂျင်တီးနား ကဇတ်သမား ဂါနာချိုသည် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မိခင်နိုင်ငံ အာဂျင် တီးနားကိုယ်စားပြုပါဝင်ကဇတ်ခွင့်ပြုပါရန် နည်းပြတန်ဟက်ဂ်ထံ တောင်းခံထားမှုကို တန်ဟက်ဂ်က ပယ်ချ လိုက်ခြင်း ဖြစ်သည်။
တန်ဟက်ဂ်က ” မန်ယူအနီနန့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အာဂျင်တီးနားက အိမ်သျှင်အဖြစ် လက်ခံကျင်းပခွင့်ရဖို့ တတ်နိုင်သမျှ ဆောင်ရွက်ပီးခပါရေ။ ဂါနာချို ယူ-၂၀ကမ္ဘာ့ဖလားမှာ ပါဝင်ဖို့ကိုတော့ ခွင့်မပြုနိုင်” ဟု ဆိုသည်။
အာဂျင်တီးနားယူ-၂ဝအသင်းကို နာမည်ကျော်ကွင်းလယ် လူဟောင်း မာချီရာနိုက နည်းပြအဖြစ် ဆက်လက်ကိုင် တွယ်မည်ဖြစ်ပြီး ၎င်းက ဂါနာချို၊ပယ်ရိုနီရို့ကို ပဏာမစာရင်း၌ ထည့်သွင်းထားခသည်။
ထို့ကြောင့် အာဂျင်တီးနားလူငယ်အသင်းနည်းပြ မာချီရာနိုကလေ့ဂါနာချို ယူ´၂၀ ကမ္ဘာ့ဖလားတွင်ကဇတ်ခွင့်ရရီး အတွက် မန်ယူတာဝန်ဟိလူများနန့်တွိဆုံခသည်။
သို့သော် မန်ယူသည် မာချီရာနို၏တောင်းဆိုချက်ကို ပယ် ချလိုက်သည်။အာဂျင်တီးနားအသင်း၌ ဂါနာချိုပါမလာ ခြင်းက အာဂျင်တီးနား ယူ-၂၀ နည်းပြ မာချီရာနို အတွက် ထိုးနှက်ချက်ဖြစ်လာသည်။
မန်ယူအသင်း၏ ကြယ်ပွင့်ကဇတ်သမား ဂါနာချိုသည်နည်းပြတန်ဟက်ဂ်၏လက်အောက်၌ ပြိုင်ပွဲစုံ ၂၉ ပွဲအထိ ကဇတ်ထာပြီး ကုန်ခသည့် မာ့ချ်လက ဆောက်သမ်တန် နန့်သရေကျခသည့်ပွဲ၌ခြီကျင်းဝတ်အရွတ်ဒဏ်ရကြောင့် ခနစ်ပတ်ကြာ အနားယူခရပြီးနောက် သောကြာနိက ကာရင်တန်မှလိကျင့်ခန်း ပြန်ဆင်းခသည်။
နောက်ဆုံးရဟိသော သတင်းအရ မန်ယူသည် ဂါနာချို နန့် ၂၀၂၈ ခုနှစ်၊ ဂျုန် လ ၃၀ ရက်နိအထိ စာချုပ်သစ်ကို ချုပ်ဆိုလိုက်ကြောင်း သိရသည်။
Source – Manchester United BLOCKED Alejandro Garnacho from playing at the under-20 World Cup despite the winger doing ‘everything he could’ to represent Argentina in the home tournament
Photo – Daily Mail