
APM၊ မာ့ချ် ၂၈/၂၀၂၄
ရက္ခိုင်ပြည်တဝှမ်း တပ်မ၊ တပ်ရင်း၊ တပ်စခန်းများစွာကို စွန့်လွတ်ထားရပနာ အထိအခိုက်အကျအဆုံးများစွာနန့် အယှုံးကြီးရင်ဆိုင်နီရရေ အကြမ်းဖက်စစ်ကောင်စီစွာ စစ်အင်အားပြုန်းတီးမှုကို အစားထိုးဖို့အတွက်ပြည်သူ့စစ်ဂေါင်းစဉ်တပ်ပနာ အတင်းအဓမ္မစစ်သားစုဆောင်းလျက်ဟိရာ ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်မာလည်း ဒေနိမာ့ချ် ၂၈ ရက်နိမိုးထပိုင်းက ရပ်ကျေးအုပ်ချုပ်ရီးမှူးတိကို ခေါ်ယူပြီးကေ ပြည်သူ့ စစ်သင်းတန်းတက်ဖို့အတွက် ရပ်ရွာအုပ်စုတစုကို လူ ၃၀ စီပီးရဖို့လို့ အတင်းအဓမ္မ ခြိမ်းခြောက် တောင်းနီကြောင်း သိရပါရေ။
မာ့ချ် ၂၈ရက်နိ၊ မိုးထပိုင်းလောက်က တောင်ကုတ်မြို့မာအကြမ်းဖက်စစ်ကောင်စီ၏ မြို့နယ်အထွေထွေအုပ်ချုပ်ရီးအဖွဲ့၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နန့် ၎င်းရို့လက်ကိုင်တုတ် ကြံ့ဖွတ်ပါတိဝင်တချို့ရို့ ဦးစီးကာ ရပ်ကျေးအုပ်ချုပ်ရီးမှူးတိအားလုံးကို မြို့နယ်ထွေအုပ်ရုံးသို့ ခေါ်ယူ ပနာ ပြည်သူ့စစ်သင်တန်းတက်ဖို့ကိစ္စ အစည်းအဝေးတရပ်ပြုလုပ်ခကတ်တေလို့ ဒေသခံတိကပြောပါရေ။
ယင်းအစည်းအသေးအတွင်းမာ အကြမ်းဖက်စစ်ကောင်စီစွာ ပြည်သူ့ စစ်သင်တန်းတက်ဖို့အတွက် ရပ်ရွာအုပ်စုတစုကို ရွယ်ကောင်းလူငယ် ၃၀ စီပီးရဖို့လို့ ရပ်ကျေးအုပ်ချုပ်ရီးမှူးတိဘားက အတင်းအဓမ္မတောင်းခရေပိုင် ဒေဂုမှ နှုတ်ထွက်လို့မရလို့လည်း ခြိမ်းခြောက်ပြောဆိုခကြောင်း သိရပါရေ။
ရက္ခိုင်ပြည်တဝန်း တပ်ရင်း၊ တပ်မ ဌာနချုပ်တိ၊ တပ်စခန်းတိအမြောက်အမြားနန့် မြို့တိတခုပြီးတခု လက်လွှတ်ဆုံးယှုံးနီရရေ စစ်ယှုံးစစ်ကောင်စီစွာ ရက္ခိုင့်တပ်တော်ကို ရင်ဆိုင်ဖို့အတွက် ရက္ခိုင်ပြည်တောင်ဖက်ဒေသဟိ တောင်ကုတ်၊မာန်အောင်၊ သံတွဲ၊ ဂွမြို့နယ်ရို့မာ ပြည်သူ့စစ် နန့် စစ်မှုထမ်းအတွက် ခြိမ်းခြောက်စုဆောင်းပနာ စစ်သင်တန်းတိပီးနီရေပိုင်၊ စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တောက မူဆလင်တိကိုလည်း နည်းမျိုးစုံနန့် စည်းရုံး သင်တန်းပီးလို့ ဟိပါရေ။
