APM ၊ မာ့ချ် ၂၈/၂၀၂၄
အကြမ်းဖက်စစ်ကောင်စီတပ်က အကြမ်းဖက်သင်တန်းပီးထားရေ ကျောက်ဖြူ၊ ကျောက်တလုံးကယ်ဆယ်ရီးစခန်းမှ မူဆလင် ၁၁၇ ယောက်အထဲက ၅၀ ကို ဒေနိမာ့ချ် ၂၈ ရက်နိမာ စစ်မှု စထမ်းခိုင်းရေလို့ သိရပါရေ။
မာ့ချ်၂၇ ရက်နိမိုးထ ၈နာရီအချိန်လောက်မာ ကျောက်ဖြူအခြီစိုက် အကြမ်ဖက်စစ်ကောင်စီတပ် ခမရ (၅၄၂) တပ်ရင်းစွာ ၎င်းရို့အကြမ်းဖက် သင်တန်းပီးထားရေ ကျောက်တလုံးကယ်ဆယ်ရီးစခန်းမှ မူဆလင် ၁၁၇ ယောက်ထဲက ကျန်းမာရီးမကောင်းရေလူတိကိုဖယ်ပနာ ၁၀၀ ကို တဖွဲ့ ၂၅ ကျစီနန့် အဖွဲ့(၄)ဖွဲ့ စုဖွဲ့ပါရေ။
ယင်းနောက် ဒေနိ၊ မာ့ချ် ၂၈ ရက်နိ၊ မိုးထ ၇ နာရီအချိန်လောက်မာ ခမရ(၅၄၂)တပ်ရင်းက စစ်ကောင်စီအင်အား ၂၀ ပါစစ်ကားနှစ်စီးစွာကျောက်တလုံးကယ်ဆယ်ရီးစခန်းသို့ ရောက်လာပြီးကေ အဖွဲ့(၁)၊ အဖွဲ့(၂)က မူဆလင် ၅၀ ယောက်ကို စစ်ဝတ်စုံဝတ်ခိုင်းပနာ လက်နက်အပြည့်အစုံတပ်ဆင်ပြီး ခမရ(၅၄၂)တပ်ရင်းသို့ ခေါ်ဆောင်လားခပါရေ။
ယေပြီးကေ မိုးထ ၉နာရီခွဲအချိန်လောက်မာ ခမရ(၅၄၂)တပ်ရင်းက စစ်ကား(၃)စီးစွာ လက်နက်အပြည့် အစုံတပ် ဆင်ထားရေ မူဆလင် ၅၀ ကို တင်ဆောင်ပနာ ကျောက် ဖြူမြို့၊ ငလပွိရပ်ကွက်မာ မူဆလင် ၂၀၊ ၁၀ နာရီ မိနစ် ၂၀ အချိန်လောက်မာ လီယာဉ်ကွင်းမာ မူဆလင် ၁၀ နန့် ၁၀နာရီ ၄၅ မိနစ်အချိန်မာ ပြင်ဖြူမော်ရပ်ကွက်မာ မှုဆလင် ၂၀ ကို တာဝန်ချထားခပါရေ။
ယင်းအပြင် ကျောက်တလုံးကယ်ဆယ်ရီးစခန်းမာကျန်ခရေ အဖွဲ့(၃)၊ (၄)က မူဆလင် ၅၀ ကိုလည်း ပြင်ဖြူမော်ရပ်ကွက်နန့် ငလပွိရပ်ကွက်ဟိ သူရို့အသစ်ဆောက်လုပ်ထားရေ ကွန်ကရစ်ဘန်ကာတိမာ လုံခြုံရီးအဖြစ် ကင်းစောင့်ခိုင်းဖို့လို့ သိရပါရေ။
စစ်ကောင်စီက အကြမ်းဖက်စစ်သင်တန်းဆင်း မူဆလင်တယောက်စီကို တရက်မာငွေ ၅၈၀၀ ပီးထားရေလို့လည်း သိရပါရေ။
အကြမ်းဖက်စစ်ကောင်စီစွာ ရက္ခိုင့်တပ်တော်ကို တိုက်ခိုက်ဖို့အတွက် ဖေဖော်ဝါရီ ၂၈ ရက်နိမာ ကျောက်ဖြူမြို့၊ကျောက်တလုံးမူဆလင် ကယ်ဆယ်ရီးစခန်းက မူဆလင် ၁၁၇ ယောက်ကို ခေါ်ပနာ ကျောက် ဖြူမြို့အခြီစိုက် ခမရ (၅၄၂) တပ်ရင်းထဲမာ အကြမ်းဖက်သင်တန်းပီးခစွာ ဖြစ်ပါရေ။