APM ၊ မာ့ချ် ၂၈ / ၂၀၂၃
မြန်မာပြည်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံ ထားရသည့် ကျောက်တော်မှ လူထုဇော်ဝင်း အပါအဝင် ဒေသခံ ၃ ယောက်အမှုကို ဒေနိ(မာ့ချ် ၂၈ ရက်နိ)တွင် ကျောက်တော်မြို့နယ် တရားရုံး၌ ရုံးထုတ်ခကေလေ့ မစစ်ခဘဲ လာမည့် ဧပြီ ၅ ရက်နိသို့ ရုံးချိန်းထပ်ရွိလိုက်ကြောင်း သိရသည်။
ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံထားရသူများမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ လူထုဇော်ဝင်း(ခ) ဦးဇော်ဝင်း၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ရွာမှ ဦးကျော်သန်းမောင်နန့် ပန်းဖဲချောင်းရွာမှ ကိုဇော်မိုးထက်ရို့ ဖြစ်ကတ်သည်။
သူရို့ကို ဒေနိ မိုးထ ၁၀ နာရီကျော်၌ ကျောက်တော်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခကေလေ့ တရားသူကြီးက တစုံတရာ ပြောဆိုခခြင်းမဟိ၊ စစ်လေ့ မစစ်ခဘဲ လာမည့် ဧပြီ ၅ ရက်နိသို့ ရုံးချိန်းထပ်ရွိလိုက်ကြောင်း မိသားစု ဝင်များက ပြောသည်။
ကုန်ခသည့် ၂၀၂၂ ခုနှစ်၊ ဂျုန်လ၌ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက ဦးဇော်ဝင်း၊ ဦးကျော်သန်းမောင်နန့် ကိုဇော်မိုးထက် ရို့ကို အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးခပြီး၊ ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟု မတရား စွပ်စွဲကာ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
လက်ဟိတွင် သူရို့ ၃ ယောက်ကို ကျောက်တော်မြို့မရဲစခန်း၌ ထိန်းသိမ်းချုပ်နှောင်ထားကြောင်း သိဟိရသည်။