
APM ၊ မာ့ချ် ၂၈ / ၂၀၂၃
မြန်မာစစ်တပ်ကဖမ်းဆီးပြီးနောက် မြန်မာပြည်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)၊ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)စသည့်ပုဒ်မ ၂ ခုနန့်တရားစွဲခံထားရသည့်မြောက်ဦးဒေသခံ ၃ယောက်အမှုကို ဒေနိ (မာ့ချ် ၂၈)ရက်နိတွင် မြောက်ဦးမြို့ တရားရုံး၌ ရုံးထုတ်ပြီး လိုပြသက်သီမရောက်ဿ မစစ်ဆီးခဘဲ ရုံးချိန်း ထပ်ရွှိလိုက်ကြောင်း သိရသည်။
အဆိုပါ ပုဒ်မ ၂ ခုနန့် တရားစွဲခံထားရသူများမှာ မြောက်ဦးမြို့၊ ကျောက်ရစ်ကေရပ်ကွက်မှ ဦးကျော်ဝင်းလှိုင်၊ ဗန္ဓုလရပ် ကွက်မှ ဦးကိုကိုညွန့်နန့် တိမ်ညိုကျေးရွာမှ ဦးပြည့်စုံဝင်းရို့ ဖြစ်ကတ်သည်။
အမှုကို ဒေနိတွင် မြောက်ဦးမြို့နယ်တရားရုံး၌ ရုံးထုတ်ခပြီး လိုပြသက်သီမရောက်၍ မစစ်ဆီးခဘဲ လာမည့် ဧပြီ ၄ ရက် နိသို့ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
ဦးကျော်ဝင်းလှိုင်၊ ဦးကိုကိုညွန့်နန့် ဦးပြည်စုံဝင်းရို့အမှုတွင် ကုန်ခသည့် မာ့ချ် ၂၁ ရက်နိရုံးချိန်း ၅၀၅(က) အမှုအတွက် လိုပြ သက်သီများကို စစ်ဆီးပြီးဖြစ်ကာ ၁၇(၁)အမှုတွင် လိုပြသက်သီ ၄ ယောက်ကို စစ်ဆီးရန် ကျန်နီသိမ့် ပြီး ယင်းလိုပြသက်သီ များကို စစ်ဆီးပြီးမှ နှစ်ဖက်ရှိနီများ လျှောက်လဲချက် ကြားနာမည်ဟု ဆိုသည်။
ကုန်ခသည့် ၂၀၂၂ ခုနှစ် ဂျုန် ၂၂ ရက်နိတွင် ဦးကျော်ဝင်းလှိုင်၊ ဦးကိုကိုညွန့်နန့် ဦးပြည့်စုံဝင်းရို့ကို မြန်မာစစ်တပ်မှ ဖမ်းယူ လားခသည်။
ယင်းနောက် သူရို့ ၃ ယောက်ကို စရဖတပ်ဖွဲ့မှ ဗိုလ်ကြီး ကျော်ကျော်မင်းက တရားလိုလုပ်၍ မြောက်ဦးမြို့နယ် တရားရုံး၌ ပုဒ်မ ၅၀၅(က)၊ ၁၇ (၁)ရို့နန့်တရားစွဲဆိုထားခြင်း ဖြစ်သည်။
လက်ဟိတွင် ၎င်းရို့ ၃ ယောက်စလုံးကို မြောက်ဦးမြို့မရဲစခန်း၌ ထိန်းသိမ်းချုပ်နှောင်ထားကြောင်း သိရသည်။
