
APM ၊ မာ့ချ် ၂၈ / ၂၀၂၃
ရက္ခိုင်က မြို့နယ်တချို့တွင် ဒေရက်ပိုင်းအတွင်း စက်သုံးဆီပြတ်လပ်မှုများဖြစ်ပေါ်နီကြောင်း သိရသည်။
စစ်တွေ ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ စသည့်မြို့နယ်များဟိ စက်သုံးဆီ ဆိုင်ကြီးများတွင် ဆီပြတ်လပ်နီး တခြားမြို့နယ် တချို့၌လေ့ စက်သုံးဆီကို အလုအယက်ဝယ်နီရကာ လိုသလောက်ဝယ်မရ ဖြစ်နီကတ်ရသည်။
စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်နီခြင်းမျာ လက်ဟိတွင် ခရီးလားလာမှုများပြား၍ စက်သုံးဆီအသုံးပြုများကာ ခွဲတမ်းရ သည့် စက်သုံးဆီမှာလေ့ မရနည်းသည့်အတွက် လုံလောက်မှုမဟိခြင်းကြောင့်ဟု စက်သုံးဆီ အရောင်းဆိုင်သျှင်များက ပြောသည်။
ရက္ခိုင်တွင် ရောင်းချမည့် စက်သုံးဆီများကို ရန်ကုန် သီလဝါဆိပ်ကမ်းမှတဆင့် ၃ ရက် တကြိမ်စီ ခွဲတမ်း ဖြင့်လားယူနီရ ခြင်းပြီး ယင်းသို့ လားယူရာတွင်လေ့ လမ်းခရီးကြန့်ကြာမှုကြောင့် အချိန်မီမရောက်နိုင်ဟုဆိုသည်။
လက်ဟိ၌ စစ်တွေမြို့ရဟိ ရစက်သုံးဆီဆိုင်ကြီးများတွင် အောက်တိန်း(၉၅) တလီတာကို ၂၃၆၅ ကျပ်၊ အောက်တိန်း(၉၂) တလီတာကို ၂၂၇၀ ကျပ်၊ ပရီမီယမ်ဒီဇယ်ဆီ တလီတာကို ၂၃၀၅ ကျပ်နန့် ဒီဇယ်ဆီ တလီတာကို ၂၂၂၅ ကျပ်အထိဟိနီပြီး စက်သုံးဆီများ ဆက်လက်ပြတ်တောက်မည်ဆိုပါက ဆီးဈီးနှုန်းများမြင့်တက်လာမည်ကို ဒေသခံများအကြား စိုးရိမ်နီကတ် ရကြောင်း သိဟိရပါသည်။

