
APM ၊ မာ့ချ် ၂၈ / ၂၀၂၃
ခြီဖဝါးဒဏ်ရာကြောင့် ဒေရာသီ လက်ကျန်ပွဲစဉ်များအပြင် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ လွဲချော်မည်ဟု မန်ယူနန့်နော်ဝေအမျိုးသမီးလက်ရွီးစင်အသင်း နောက်ခံလူ မာရီယာ သောရစ်ဒေါ့တီတာက သူမ၏ အင်စတာဂ ရမ်ကနီတဆင့် ပြောကြားလိုက်သည်။
အသက် ၂၉ နှစ်အရွယ် မန်ယူအမျိုးသမီးနောက်ခံကဇတ်သမား သောရစ်ဒေါ့တီတာသည် မာ့ချ် ၂၆ ရက်နိက လူးဝစ် အသင်းကို ၃ဂိုး ၁ ဂိုးနန့် အနိုင်ရခသည့် အက်ဖ်အေဖလားကွာတားဖိုင်နယ်တွင် ခြီဖဝါးဒဏ်ရာရလားခြင်း ဖြစ်သည်။
“ကံမကောင်းစွာနန့် လူးဝစ်နန့်ပွဲမှာ ခြီဖဝါးဒဏ်ရာရခပါရေ။ ကာလရှည် အနားယူရဖို့ဖြစ်လို့ ဒေနှစ်နွီရာသီယှဥ်ပြိုင် ဖို့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါဝင်နိုင်ဖို့မဟုတ်ပါ။” ဟု သောရစ်ဒေါ့တီတာက ဆိုသည်။
သူမသည် ၁၉၉၅ ခုနှစ်တွင်ကမ္ဘာ့ဖလားချန်ပီယံရဟိခသည့် နော်ဝေနိုင်ငံလက်ရွီးစင်အသင်းအတွက် ပွဲပေါင်း ၆၁ ပွဲပါဝင် ကဇတ်ထားသည်။
ယင်းအပြင် ၂၀၁၉ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင်လေ့ နော်ဝေးလက်ရွီးစင်အသင်းကို ကွာတားဖိုင်နယ်သို့ ရောက်အောင် စွမ်းဆောင်ပီးနိုင်ခကြောင်းသိရသည်။
အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို သြစတြေးလျနန့် နယူးဇီလန်နိုင်ငံရို့၌ လာမည့် ဂျုန်လိုင် ၂၀ ရက်နိမှ သြဂတ်စ် ၂၀ ရက်နိ အထိ ကျင်းပမည်ဖြစ်ပြီး ၃၂ သင်းပုံစံဖြင့် ပထမဆုံးအကြိမ်ယှဥ်ပြိုင်ရမည်ဖြစ်ကာ နော်ဝေအသင်းသည် အုပ်စု A တွင် နယူးဇီလန်၊ ဖိလစ်ပိုင်၊ ဆွစ်ဇာလန်အသင်းများဖြင့် ယှဥ်ပြိုင်ရမည်ဖြစ်သည်။
Source – Injured Norway defender Thorisdottir to miss Women’s World Cup
Photo – Grtty Images
