
APM ၊ မာ့ချ် ၂၈ / ၂၀၂၃
ပင်လယ်ရီတိုက်စားမှုကြောင့် နီအိမ်ပျက်စီးလားခရသည့် သံတွဲမြို့နယ်၊ ဆင်ခေါင်းရွာသားများ နီအိမ် ပြန်ဆောက်ရန် ငွေကြေးနန့် အစားထိုးမြီနီရာ လိုအပ်နီကြောင်း သိရသည်။
ဆင်ခေါင်းရွာ၌ ရခိုင်စု၊ ဆင်ခေါင်း၊ မှော်ဖျား စသည့် အပိုင်းသုံးပိုင်းဟိပြီး လက်ဟိပင်လယ်ရီတိုက်စားမှုဒဏ်ကို ခံနီရ သည်မှာ ရခိုင်စုအပိုင်းဖြစ်ကာ နီအိမ် ၁၀၀ ခန့် ပျက်စီးဆုံးယှုံးခရပြီးဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ယင်းသို့ နီအိမ်ပျက်စီးဆုံးယှုံးခရသည့် မိသားစုများမှာ လက်ဟိတွင် နီးစပ်ရာနီအိမ်များ၌ လားရောက်နီထိုင်လျက် ဟိပြီး တချို့မှာလေ့ ယာယီတဲများ ဆောက်လုပ်နီထိုင်နီရသည်ဟု ဆိုသည်။
ယင်းအပြင် ယင်းနီအိမ်များကို အစားထိုးဆောက်လုပ်ရန် ငွေကြေး အခက်အခဲများ ဟိနီကတ်သည့်အပြင် တဖက်မှာလေ့ နီအိမ်များ ဆောက်လုပ်ရန် အစားထိုးမြီနီရာများ လိုအပ်နီကတ်သည်။
ဆင်ခေါင်းရွာ၌ အိမ်ခြီ ၄၀၀ ကျော်ဟိပြီး လူဦးရေ ၂,၀၀၀ ခန့်နီထိုင်လျက်ဟိကြောင်း သိဟိရသည်။
Photo – Facebook
