
APM ၊ မာ့ချ် ၂၈ / ၂၀၂၃
ပရီးမီးယားလိဂ်ကလပ်ချဲယ်ဆီးအသင်းသည် ဂိုးသမားလပ်မားကပ်စ်ဘက်တီနယ်လီကို ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်သစ်ချုပ်ဆိုလိုက်ကြောင်း မာ့ချ် ၂၇ ရက်နိက အတည်ပြုထုတ်ပြန်သည်။
စာချုပ်တိုးခြင်းနန့်ပတ်သတ်၍ ဘက်တီနယ်လီက”ကမ္ဘာ့အကြီးဆုံးကလပ်တိထဲကတခုဖြစ်တေ ချဲလ်ဆီးပိုင် ကလပ်တခုမှာ အဂုပိုင်ဆက်နီခွင့်ရစွာရေ ကျနော့်အတွက် အခွင့်ထူးတခုပါ။ လွန်ခရေ ၂ နှစ်လောက်က ချဲယ်ဆီးကို ရောက်ခါကလေ့ ကျ နော်ဒေနိပိုင်ဝမ်းသာရပါရေ” ဟု ပြောကြားခသည်။
အသက် ၃၀ အရွယ် ဂိုးသမားဘက်တီနယ်လီသည် ကုန်ခသည့် ၂၀၂၁ ခုနှစ်က ပရီးမီးယားလိဂ်မြို့ခံပြိုင်ဖက် ဖူလ်ဟမ် အသင်းကနီ ချဲယ်ဆီးသို့ ရောက်ဟိလာခပြီး ဂိုးသမား ကေပါ နန့် မန်ဒီရို့နောက်တွင် အရန်ဂိုးသမားအဖြစ် ကဇတ်နီခြင်း ဖြစ်သည်။
ချဲလ်ဆီးအသင်းသည် ဧပြီ ၁ ရက်နိ၌ပရီးမီးယားလိဂ်ပွဲစဥ်အဖြစ် အက်စတွန်ဗီလာအသင်းကို လက်ခံယှဥ်ပြိုင်ရမည် ဖြစ်ပြီး၊ လက်ကျန်ပရိးမီးယားလိဂ်ပွဲအဖြစ် ၁၁ ပွဲယှဥ်ပြိုင်ကဇတ်ရမည်ဖြစ်ကာ အဆင့်(၄)နီရာမှ စပါးအသင်းနန့် ၁၁ မှတ်ကွာဟနီ သိမ့်ကြောင်းသိရသည်။
Source – Bettinelli signs new Chelsea deal until 2026
Photo – Chelsea Football Club
