APM ၊ ဖေဖော်ဝါရီ ၂၈ / ၂၀၂၃
အာရက္ခပြည်သူများ အငတ်ဖီးမဆိုက်ရီးအတွက် မိမိရို့တိုင်းပြည်မှ တခြားပြည်များသို့ ဆန်တင်ပို့နီမှုကို အစွမ်းကုန် ထိန်းချုပ်လားမည် ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA က ပြောဆိုသည်။
ဖေဖော်ဝါရီ ၂၇ ရက်နိက ကျင်းပပြုခလုပ်သည့်အာရက္ခပြည်သူ့အစိုးရ၏ သတ္တမအကြိမ်မြောက် သတင်းစာ ယှင်းလင်းပွဲ၌ ULA/AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ဦးခိုင်သုခ က “ပြည်သူတိစားသုံးမှုနန့်ပတ်သက်လို့ ပြည်မနန့် တခြားပြည်တိကို တင်ပို့နီရေ ဆန်စပါးတိကို စနစ်တကျ မျက်ခြီမပြတ်စောင့်ကြည့်နီပါရေ။ လိုအပ်ကေလိုအပ်တေပိုင် စောင့်ကြည့်ပြီးကေ ပြည်သူတိအခက်အခဲ မဖြစ်ရရီး၊ အငတ်ဖီးမဆိုက်ရီးအတွက် ကျနော်ရို့ အာရက္ခပြည်သူ့ အစိုးရကအစွမ်းကုန် ထိန်းချုပ်လုပ်ဆောင်လားဖို့ ဟိပါရေ” ဟု ဆိုသည်။
ယင်းအပြင် အာရက္ခပြည်သူ့အစိုးရ အနီနန့် အပြည့်အဝထိန်းချုပ်ထားသည့်နီရာများ၊ ဩဇာသက်ရောက် စိုးမိုးထားသည့် နီရာများတွင် အာရက္ခတိုင်းပြည်က ထွက်သောဆန်များကို ULA/AA နိုင်ငံရီးဌာနများ၊ အခွန်ဌာနများက ခွင့်ပြုချက်မဟိဘဲ ပြင်ပသို့ တင်ပို့ရောင်းချခွင့်မပြုထားဟုလေ့ ဦးခိုင်သုခက ယှင်းလင်းပြော ကြားလားခသည်။