
APM ၊ ဖေဖော်ဝါရီ ၂၈ / ၂၀၂၃
ဂျာမနီ နည်းပြဟောင်း ဂျာဂင်ကလင်မန်းကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း တောင်ကိုရီးယားနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဖေဖော်ဝါရီ ၂၇ ရက်နိတွင် တရားဝင်ကြေညာသည်။
တောင်ကိုရီးယားအသင်းသည် နည်းပြဂျာဂင်ကလင်မန်းကို ၂၀၂၆ ကမ္ဘာ့ဖလား ဖိုင်နယ်အထိ ၃ နှစ်ခွဲစာချုပ်ဖြင့် ခန့်အပ်လိုက်ခြင်းဖြစ်သည်။
“တောင်ကိုရီးယားအသင်းမှာ နည်းပြဖြစ်ခွင့်ရလို ဂုဏ်ယူမိပါရေ။ အသင်းနန့်တတူ လာဖို့ အာသျှဖလားနန့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတိမှာ အောင်မြင်မှုရအောင်အကောင်းဆုံးကြိုးစားလားပါဖို့” ဟု နည်းပြဂျာဂင်ကလင်မန်းက ပြောကြားခသည်။
အသက် ၅၈ နှစ်အရွယ် နည်းပြဂျာဂင်ကလင်မန်းသည် ၁၉၉၀ ခုနှစ်တွင် ဂျာမနီအသင်းနန့်တတူ ကမ္ဘာ့ဖလားကို ရယူနိုင်ခသည်။
လက်ဟိ တောင်ကိုရီးယားအသင်းကိုတော့ လာမည့် မာ့ချ် ၂၄ ရက်နိ ကိုလံဘီယာအသင်းနန့်ကဇတ်မည့် ခြီစမ်းပွဲကို စတင်တာဝန်ယူမည် ဖြစ်ကြောင်း သိဟိရသည်။
Source – FORMER USMNT COACH JURGEN KLINSMANN TO LEAD SOUTH KOREA NATIONAL TEAM
Photo – Getty Images
