
APM ၊ ဖေဖော်ဝါရီ ၂၈ /၂၀၂၃
မြန်မာစစ်တပ်ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နန့် တရားစွဲခံထားရသည့် ကျောက်တော်က ၉ ယောက်အမှုကို ဒေနိ(ဖေဖော်ဝါရီ ၂၈ ရက်နိ) ၌ ကျောက်တော်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခကေလေ့ မစစ်ဟု သိရသည်။
ပုဒ်မ ၁၇(၁)နန့် တရားစွဲခံထားရသူများမှာ မင်းပြားမြို့နယ်က အပျော်တန်းဓာတ်ပုံဆရာဦးစိုးမိုးကျော်၊ ကျောက်တော်မြို့ ကဝိရတနာစစ်ဖီးယှောင်စခန်းက ဦးကျော်ဟိန်း၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာက ဦးမောင်စောသာ၊ ဝပြန်ရွာကကိုမောင်သန်းဌေးနန့် ကိုမောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာက ဦးသန်းစိုး၊ အောင်ဖြူ ပြင်ရွာက ကိုမျိုးဦး၊ မြေပုံမြို့နယ် အငူရွာသစ်က ကိုမောင်ချေ(ခ)မောင်မျိုးကိုနန့် မြောက်ဦးမြို့၊ မဟိန်ဂျီရပ်ကွက် က ကိုကျော်မောင်လင်းရို့ ဖြစ်ကတ်သည်။
သူရို ၉ ယောက်စလုံးကို ဒေနိ မိုးထ ၁၀ နာရီတွင် ကျောက်တော်မြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့ မြန်မာစစ်တပ်ဖက်မှ တရာလိုမရောက်ဟုဆိုကာ စစ်ဆီးမှု တစုံတရာမပြုလုပ်ခဟု မိသားစုဝင်များကပြောသည်။
သူရို ၉ ယောက်သည် ပြီးခသည့် ရက္ခိုင်ပြည်တကျော့ပြန် တိုက်ပွဲကာလအတွင်း ကျောက်တော်အခြီစိုက် မြန်မာစစ်တပ်စစ်ဆီးရီးဂိတ်များ၌ အသီးသီး ဖမ်းဆီးခံခရခြင်းဖြစ်သည်။
ယင်းနောက် ရက္ခိုင့်တပ်တော်(AA)နန့် ဆက်စပ်သည်ဟု မတရားစွပ်စွဲကာ ဥပဒေပုဒ်မ ၁၇(၁)ဖြင့် မြန်မာစစ်တပ်မှ တရားလိုလုပ်၍ ကျောက်တော်မြို့နယ်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။
လက်ဟိတွင် သူရို ၉ ယောက်ကို ကျောက်တော်မြို့မရဲစခန်း၌ ထိန်းသိမ်းချုပ်နှောင်ထားပြီး လာမည့် မာ့ချ် ၁၃ ရက် နိသို့ ထပ်မံရုံးချိန်းထားကြောင်း သိဟိရသည်။
