
APM ၊ ဒီဇမ်ဘာ ၂၈/ ၂၀၂၃
လက်ဟိစစ်ကောင်စီကို တိုက်ထုတ်နီရစွာရေ ၁၉၄၅ ခုနှစ်၊ မာ့ချ်လမာ မြန်မာပြည်အတွင်းက ဖက်ဆစ်ဂျပန်တိကို မောင်းထုတ်စွာနန့် အလားသဏ္ဍာန်တူနီကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က ၁၀၂၇ စစ်ဆင်ရီး (၆၂) ရက်မြောက်(ဒီဇမ်ဘာ ၂၇ ရက်နိ) မာ ထုတ်ပြန်လိုက်ပါရေ။
ညီနောင်မဟာမိတ်(၃) ဖွဲ့၏ ထုတ်ပြန်ချက်အတွင်း “၁၀၂၇ စစ်ဆင်ရီးစတင်ပြီးနောက်တွင် မိမိရို့နည်းတူ စစ်ကောင်စီကို တော်လှန်နီကတ်သည့် အခြားသော တော်လှန်ရီးအဖွဲ့အစည်းရို့သည်လည်း ၎င်းရို့လှုပ်ယှားရာနယ်မြီများ၌ စစ်ကောင်စီအား ရသည့်နည်းလမ်းဖြင့် တော်လှန်တိုက်ခိုက်ခကတ်သည်။ ယင်းကြောင့် ဒေနိအချိန်တွင် “တနိုင်ငံလုံးစစ်ဆင်ရီး ပုံစံ အသွင်မျိုးဖြင့် ဖက်ဆစ်စစ်အာဏာသျှင်ရို့အား တော်လှန်တိုက်ထုတ်နီကတ်သည်မှာ ၁၉၄၅ ခုနှစ်၊ မာ့ချ်လတွင် မြန်မာနိုင်ငံအတွင်းမှ ဖက်ဆစ်ဂျပန်တိအား မောင်းထုတ်သည့်နှယ် အသွင်သဏ္ဍာန်တူလှသည် လို့ ဖော်ပြထားပါရေ။
ညီနောင်မဟာမိတ် (၃) ဖွဲ့၏နယ်မြီတိမာ စစ်ကောင်စီတပ်၏ မရှုမလှရုပ်ပျက်ဆင်းပျက် ဖြစ်ပျက်နီရေ ဖြစ်ရပ်၊ မြင်ကွင်းတိစွာ နိစဉ်နန့်အမျှဟိနီကြောင်း၊ တပြိုင်နက်တည်းမာ ဘုံရန်သူစစ်ကောင်စီကို တော်လှန်တိုက်ခိုက်တေ အဖွဲ့အစည်းတိစွာ တရက်ထက်တရက် များပြားလာနီစွာက မြန်မာပြည်သူလူထုတရပ်လုံး လိုလားရေဆန္ဒပြည့်ဖို့ နီးစပ်လာခြင်းပင်ဖြစ်ကြောင်းနန့် ဒေတကြိမ်၊ ဒေအခွင့်အရီးကို အမိအရ ရယူပြီးကေ မြန်မာပြည်သူလူထု တရပ်လုံးလိုလားရေ ဆန္ဒကို ပြည့်ဝစီရီး လာဖို့နှစ်သစ်မာ ဒေဂုထက်အားစိုက် ကြိုးပမ်းကတ်ဖို့ကိုလည်း ညီနောင် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရီး၏ နှစ်လပြည့်နိမာ အထူးအလေးအနက်တိုက်တွန်းထားပါရေ။
“နှစ်လတာ စစ်ဆင်ရီးကာလအတွင်း ရန်သူ့စစ်စခန်း၊ မြို့ကြီးအမြောက်အမြားအား သိမ်းပိုက်ရယူနိုင်ခကာ မိမိရို့သတ်မှတ်ထားသောရန်သူ၏ စစ်ဆင်ရီးပစ်မှတ်များကို ချေမှုန်းတိုက်ခိုက်နိုင်ခပြီးဖြစ်သည်။ အဆိုပါသတ်မှတ်ထားသောစစ်ဆင်ရီးနယ်မြီများနန့် ဆက်စပ်မြို့ကြီးအချို့ကိုလည်း မိမိရို့ညီနောင်မဟာမိတ်များမှ ထိန်းချုပ်ထားပြီး အဆိုပါမြို့ကြီးများ၏ အုပ်ချုပ်ရီးယန္တရားများ ပုံမှန်လည်ပတ်နိုင်ရီးအတွက် မိမိရို့မှ အစွမ်းကုန် ကြိုးပမ်းလျက်ဟိသည်”လို့လည်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
ယင်းနည်းတူ ဒေ ၁၀၂၇ စစ်ဆင်ရီး နှစ်လတာကာလအတွင်း အသက်ပီးဆပ်စွန့်လွှတ်ခကတ်သူရို့ကို လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ညီနောင် (၃) ဖွဲ့က ဆိုပါရေ။
တရက်လည်းရပ်နားခြင်းမဟိသိမ့်ရေ ၁၀၂၇ စစ်ဆင်ရီး၏ နှစ်လပြည့်သည့် ဒီဇမ်ဘာ၂၇ ရက်နိမာလည်း မိုးထ ၉ နာရီ ၃၅ မိနစ်အချိန်လောက်က ရက္ခိုင်ပြည်၊ ဘူးသီးတောင် မြို့နယ်၊ နွားရုံတောင်ရွာမာ အထိုင်ချထားရေ စစ်ကောင်စီတပ်စွာ ၎င်းပတ်ဝန်းကျင်အနားမာတိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမဟိဘဲ ရွာအနားအနားဝန်းကျင်သို့ လက်နက်ကြီးတိနန့် (၇) ကြိမ်တိုင်တိုင် တမင်တကာ ရမ်းကားပစ်ခတ်ခလို့ စေတီတောင်ရွာအတွင်းသို့ (၂) လုံးနန့် ယင်းရွာ၏ ချောင်းတဖက်ကမ်းဟိ ရသေ့တောင်မြို့နယ်၊ ဆင်ခုန်းတိုင်ကမ်းသို့ လက်နက်ကြီးကျည် (၃) လုံး ကျရောက်ပေါက်ကွဲခရေလို့ ဆိုပါရေ။
ယင်းသို့ စစ်ကောင်စီက ရည်ရွယ်ချက်ဟိဟိလက်နက်ကြီးတိနန့် ပစ်ခတ်တိုက်ခိုက်ခသောကြောင့် အသက် (၁၃) နှစ်အရွယ် အလယ်တန်းကျောင်းသား (၁) ဦး အပါအဝင် ဒေသခံအမျိုးသမီး (၂) ဦးနန့် မူဆလင်အမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာရဟိခရေလို့ သိရပါရေ။
ဒီဇမ်ဘာ၂၅ ရက်နိကလည်း ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ဟိ စစ်ကောင်စီ လက်အောက်ခံ ခမရ (၅၅၀) တပ်ရင်းစွာ စပါးရိတ်သိမ်းနီရေ ဒေသခံတိကို စပါးခင်းပတ်ပတ်လည်မာ မိုင်းထောင်ထားလို့ ကိုက် (၆၀၀) အတွင်းက စပါးခင်းတိကို ရိတ်သိမ်းခွင့်မဟိကြောင်းခြိမ်းခြောက်တားမြစ်ခပြီး၊ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တိ တားမြစ်ထားရေ လယ်ဧက (၂၀) ကျော်လောက်ဟိလို့ ဒေသခံပြည်သူတိကို စားနပ်က္ခာ ပြတ်တောက်လားစီဖို့ ရည်ရွယ်ချက်ဟိဟိနန့် လက်နက်အားကိုးအနိုင်ကျင့်ပနာ တားဆီးပိတ်ပင်ခစွာလို့ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
အလားတူ ဒီဇမ်ဘာ ၂၇ ရက်နိ၊ မိုးထ ၁၁ နာရီလောက်မာ ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ ကဇုကိုင်း၊ တောဟိန်းတောင်အခြီစိုက် စစ်ကောင်စီတပ်က အထက်ရွာဟောင်းရွာကို ရည်ရွယ်ချက်ဟိဟ တမင်တကာ ယမ်းကားပစ်ခတ်တိုက်ခိုက်ခလို့ ရွာအတွင်းသို့ လက်နက်ကြီးတိ ကျရောက် ပေါက်ကွဲခပြီးကေ လူနီအိမ် (၂) လုံး ထိမှန်ပျက်စီးခရပိုင်၊ ရွာတွင်းဟိ စာသင်ကျောင်း၏ အရှိဖက် ရီတွင်းအနားမာလည်း လက်နက်ကြီးကျည် တလုံး ကျရောက်ပေါက်ကွဲခလို့ ရီတွင်း နံရံအချို့ ပျက်စီးခရပါရေ။
ကျောက်ဖြူမြို့မာလည်း အကြမ်းဖက်စစ်ကောင်စီက ကုန်းလမ်း၊ ရီလမ်းပိတ်ဆို့ထားမှုကြောင့် ကျောက်ဖြူမြို့အနားဟိ ရပ်ရွာတိကဒေသခံရို့မာ မြို့ပေါ်တက်ရောက် ဆီးကုသဖို့တားဆီးမှုတိဟိနီရေအတွက် ဒီဇမ်ဘာ ၂၇ ရက်နိမာ (၁၀) တန်းကျောင်းသား (၁)ဦးစွာ မြို့ပေါ်သို့ အချိန်မီ ဆီးကုသခွင့် မရလိုက်လို့အကြောင်းမဲ့ သီဆုံးခရကြောင်း သိရပါရေ။
စစ်ကောင်စီဖက်က ကျောက်ဖြူမြို့နယ်ဟိ ရပ်ရွာအုပ်စုတိကို မြို့ပေါ်လားလာခွင့်ပိတ်ပင်တားဆီးမှုစွာ ရက္ခိုင့်တပ်တော် (AA) နန့် စစ်ကောင်စီရို့ကြား ရက္ခိုင်ပြည်မာ တိုက်ပွဲတိစတင်ဖြစ်ပေါ်ခစွာကို အကြောင်းပြလို့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နိအထိ ကန့်သတ်မိန့်ထုတ်ပြန်ထားစွာဖြစ်ပါရေ။
ဒီဇမ်ဘာ ၂၆ ရက်နိ၊ ညဇာ ၈ နာရီလောက်ကလည်း ကျောက်ဖြူအခြီစိုက် ခလရ (၃၄) တပ်ရင်းနန့် ကျောက်ဖြူ မြို့မရဲစခန်း ကပူးပေါင်းတပ်ဖွဲ့တိစွာ မြစ်နားတန်းရပ်ကွက်ဟိမြစ်ကမ်းဘေးမာ ငါးဖမ်းနီရေ ဒေသခံ ၁၅ ယောက်ကို အတင်းအဓမ္မဖမ်းဆီးခေါ်လားခပနာမြို့မရဲစခန်းမာ ထိန်းသိမ်းထားခပါသိမ့်ရေ။
ရက္ခိုင့်တပ်တော်အနီနန့် သတ်မှတ်ထားရေ စစ်ဆင်ရီးပစ်မှတ်တိကို အပြီးသတ် သိမ်းပိုက် ရယူနိုင်ရီးကိစ္စရပ်တိကို ဆက်လက်ဆောင်ရွက်လျက်ဟိကြောင်းနန့် တဝက်တပျက် (သို့) စကေချေ ကျန်ဟိနီသိမ့်ရေ စစ်စခန်း၊ ဗျူဟာစခန်းတိကို အပြီးသတ် လုံးဝဆက်လက် သိမ်းပိုက်ရယူ နိုင်ရီးအတွက် ကြိုးပမ်းလျက်ဟိကြောင်း ဖော်ပြထားပါရေ။
တအာင်းပြည်နယ်မာလည်း ဒီဇမ်ဘာ ၂၇ ရက်နိ၊ မိုးထ ၈ နာရီ ၃၀ မိနစ်လောက်မာ တပ်မဟာ (၄) စစ်ဒေသ၊ နမ္မတူမြို့နယ်ဟိ စစ်ကောင်စီတပ်စခန်းက တပ်ဖွဲ့ဝင်တိနန့် တအာင်းတပ်မတော် (TNLA) ရို့ကြား ထိတွိတိုက်ပွဲဖြစ်ပွားခပြီးကေ၊ ယင်းတိုက်ပွဲဖြစ်ပွားနီချိန်အတွင်း စစ်ကောင်စီစွာ ဂျက်ဖိုက်တာနန့် (၈) ကြိမ်၊ Mi-35 နန့် (၄) ကြိမ်၊ Y12 နန့် (၈) ကြိမ်၊ စုစုပေါင်း ဗုံး (၇၈) လုံး လာရောက် ပစ်ခတ်တိုက်ခိုက်ခရေလို့ ဆိုပါရေ။
အလားတူ ယင်းနိတရက်တည်းမာပင် တအာင်းပြည်နယ်၊ တပ်မဟာ(၂)စစ်ဒေသ၊ ကျောက်မဲမြို့နယ်ဟိ စစ်ကောင်စီတပ်က ကြူရှောရွာအနားတဝိုက်သို့ လက်နက်ကြီးနန့် (၁၁) ကြိမ်၊ ကျောက်မဲအခြီစိုက် စစ်ကောင်စီ၏ မိုင်းငေါ့တပ်စခန်း က မာန်ပုံရွာအနားတဝိုက်သို့ လက်နက်ကြီးနန့် (၅) ကြိမ်၊ လားသျှိုးမြို့နယ်ဟိစစ်ကောင်စီ၏ ၆၈ ဂိတ်တပ် က ဖန်တောင်ရွာနန့် ပန်ကျုံရွာ အနားတဝိုက်သို့ လက်နက်ကြီးနန့် (၁၃) ကြိမ်ပစ်ခတ်တိုက်ခိုက်ခပါသိမ့်ရေ။
ဒီဇမ်ဘာ ၂၆ ရက်နိကလည်း ကျောက်မဲမြို့နယ်ဟိ စစ်ကောင်စီ၏ မိုင်းငေါ့တပ်စခန်း က မန်ခေါက်ရွာအတွင်းသို့ လက်နက်ကြီးနန့် (၆) ကြိမ် ယမ်းကားပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ (၁) ဦး လက်နက်ကြီးကျည် ထိမှန်သီဆုံးခရပြီးကေ တခြား (၁) ဦးမာလည်း ဒဏ်ရာအပြင်းအထန်ရဟိလားခရေလို့ သိရပါရေ။
ယင်းအပြင် ဒီဇမ်ဘာ ၂၇ ရက်နိမာပင် စစ်ကောင်စီဖက်က Mi-17 ထောက်ပို့လီယာဉ်နန့်နမ့်ခမ်း၊ မန်တပ်စခန်းသို့ (၁) ကြိမ်၊ မူဆယ်မြို့သို့ (၁) ကြိမ်နန့် နမ္မတူတပ်စခန်းသို့ (၁) ကြိမ် စစ်ကူအင်အားနန့် လက်နက်ခဲယမ်းတိထပ်မံဖြည့်တင်းပနာ တန်ပြန်တိုက်စစ်ဖွင့်ဖို့လုပ်ဆောင်လျက်ဟိကြောင်း တွိရရေလို့ ဆိုပါရေ။
သျှမ်းမြောက်ဒေသ၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမာလည်း ဒီဇမ်ဘာ ၂၇ ရက်နိမာ စစ်ကောင်စီတပ်နန့် ကိုးကန့်တပ်မတော် (MNDAA)ရို့ထိတွိတိုက်ပွဲဖြစ်ပွားခရာ တိုက်ပွဲဖြစ်ပွားရာနီရာ သို့ စစ်ကောင်စီဖက်က ဂျက်ဖိုက်တာနန့် (၈)ကြိမ်၊ Mi-35 နန့် (၅) ကြိမ် လီကြောင်းပစ်ကူစုစုပေါင်း (၁၃) ကြိမ်တိုင်တိုင် လာရောက်ပစ်ကူတိုက်ခိုက်ခကြောင်း သိရပါရေ။
အကြမ်းဖက်စစ်ကောင်စီစွာ ညီနောင် (၃) ဖွဲ့နန့်တိုက်ပွဲဖြစ်ပွားစွာကို ရမယ်ရှာလို့ အရပ်သား ပြည်သူတိကို မတရားဖမ်းဆီး၊ ပစ်မှတ်ထားတိုက်ခိုက်ခြင်းတိအပြင် ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်တိကိုပါ ရည်ရွယ်ချက်ဟိဟိတိုက်ခိုက်ဖျက်ဆီး၊ ခိုးယူ၊ လုယက်ခြင်းတိကို လူမဆန်စွာ ကျုးလွန်နီလျက်ဟိရေပိုင်၊အရပ်သားပြည်သူရို့ကို စားနပ်ရိက္ခာနန့် ဆီးဝါးဖြတ်တောက်ခြင်းတိကိုပါ တမင်တကာရည်ရွယ်ချက်ဟိဟိလုပ်ဆောင်လျက်ဟိနီကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
