APM ၊ ဒီဇမ်ဘာ ၂၈ / ၂၀၂၃
ဒီဇမ်ဘာ ၂၈ ရက်နိတရက်တည်း မြောက်ဦးမြို့နယ်အတွင်းမာပင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လီကြောင်း တိုက်ခိုက်မှုတိကြောင့် အရပ်သားပြည်သူ ၃ ယောက်သီဆုံးခပြီးကေ ၁၇ ယောက်ထိခိုက်ဒဏ်ရာရလားခကြောင်း ညီနောင်မဟာမိတ်(၃) ဖွဲ့က ထုတ်ပြန်လိုက်ပါရေ။
ညီနောင်မဟာ (၃)ဖွဲ့၏ ထုတ်ပြန်ချက်အရ ဒီဇမ်ဘာ ၂၈ ရက်နိ၊ မိုးထ ၁၀ နာရီကျော်အချိန်ခန့်က ရက္ခိုင်ပြည်၊ မြောက်ဦး အခြီစိုက် စစ်ကောင်စီလက်အောက်ခံ “ခမရ (၅၄၀)” နန့် “ခမရ (၃၇၇)” တပ်ရင်းတိက တမင်တကာ ရည်ရွယ်ချက်ဟိဟိ လက်နက်ကြီးတိနန့် (၁၀) ကြိမ်ထက်မနည်း ယမ်းကားပစ်ခတ်ခရာ လက်နက်ကြီးကျည် (၂) လုံးစွာ ပေါင်းတုတ်ရွာ အတွင်းသို့ ကျရောက်ပေါက်ကွဲခလို့ အသက် (၁၂) နှစ်အရွယ် မူဆလင် ကလေ့မေချေ (၁) ယောက်နန့်အမျိုးသား (၄) ယောက် ထိခိုက်ဒဏ်ရာရလားခရေလို့ သိရပါရေ။
ယင်းအပြင် ဒီဇမ်ဘာ ၂၈ ရက်နိ၊ မိုးထ ၁၀ နာရီအချိန်မာလည်းမြောက်ဦးအခြီစိုက်တပ်ရင်းတိက လက်နက်ကြီး ယမ်းသမ်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြောက်ဦးမြို့နယ်၊ ကိုင်းတောရွာမှ အချေ (၁) ယောက်အပါအဝင် (၅) ယောက် ထိခိုက် ဒဏ်ရာရဟိခရေလို့ ဆိုပါရေ။
ယင်းနည်းတူ ဒီဇမ်ဘာ ၂၈ ရက်နိတရက်တည်းမာပင် နိခင်း ၁ နာရီအချိန်လောက်က စစ်ကောင်စီ၏ ဂျက်ဖိုက်တာ (၁) စီးစွာ မြောက်ဦးမြို့နယ်၊ မြောင်းဘွေတိုက်နယ်နန့် အပါးဟပ်စပ်ရပ်ရွာတိကို ရည်ရွယ်ချက်ဟိဟိ တမင်လာရောက် ဗုံးကြဲ တိုက်ခိုက်မှု (၄) ကြိမ်ထက်မနည်းပြုလုပ်ခပြီးကေ၊ ယင်းပိုင် ယှောင်တခင်တိုက်ခိုက်ခံရမှုကြောင့် ကိုင်းတောရွာဟိ မူဆလင်အမျိုးသားချေ နှစ်ယောက် သီဆုံးခရပနာ အမျိုးသမီး ၂ ယောက်နန့် အမျိုးသား ၄ ယောက်ဒဏ်ရာရဟိခရေပိုင် ကိုင်းတောရွာလည်း မီးလောင်ခရရေလို့ ဖော်ပြထားပါရေ။
အလားတူ မြောင်းဘွေရွာအပြင်ဖက်ဟိ ဒိုင်ကွင်းက အဆောက်အအုံတိအပါအဝင် ရပ်ရွာအတွင်းဟိ လူနီအိမ်အချို့မာလည်း မီးလောင်ပျက်စီးခရပြီးကေ၊ ယင်း ရန်သူ၏ ဂျက်ဖိုက်တာနန့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြောင်းဘွေ တန်းထားအနားမာဟိ ရေ ဘူးတလုံးရွာက မူဆလင် အမျိုးသမီးတယောက် သီဆုံးခရပနာ အမျိုးသားတယောက်မာလည်း ဗုံးစကျလို့ ခြီထောက် ပြတ်ထွက်လားရေလို့ သိရပါရေ။
ဒီဇမ်ဘာ ၂၈ ရက်နိ၊ မိုးထ ၆ နာရီအချိန်လောက်မာ မြောက်ဦး-မင်းပြား ကားလမ်းဘေးဟိ စစ်ကောင်စီတပ်ဖွဲ့ဝင်တိနန့် ရဲတပ်ဖွဲ့ဝင်တိက လက်နက်ကြီးအထိုင်စခန်းတခုအဖြစ် တပ်စွဲ အခြီချထားရေ “မြောင်းဘွေရဲစခန်း” ကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်ခပြီးကေ၊အဆိုပါတိုက်ပွဲနန့်စပ်လျဉ်းလို့ စစ်ကောင်စီလက်အောက်ခံ မြောက်ဦး “ခမရ (၅၄၀)”နန့် “ခမရ (၃၇၇)” တပ်ရင်းတိအပြင် မင်းပြား၊ ကျိန်းတောင်တပ်ရင်းကလည်း မိုးထ ၂ နာရီလောက်ကပင် ၇ နာရီနီးပါးအထိ လက်နက်ကြီးတိနနံ တိုက်ပွဲဖြစ်ပွားရာနီရာသို့ အဆက်မပြတ် ယမ်းကားပစ်ခတ်ခရေလို့ ဆိုပါရေ။
ယင်းအပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ ရန်ကုန်-စစ်တွေကားလမ်းမဟိရာ ဓာတ်အားခွဲစက်ရုံရှိမာလည်း ဒီဇမ်ဘာ ၂၈ ရက်နိ၊ မိုးထ ၁၁ နာရီ ၃၀ မိနစ်က ရက္ခိုင့်တပ်တော် (AA) နန့် စစ်ကောင်စီတပ်ဖွဲ့ဝင်တိ ထိတွိတိုက်ပွဲဖြစ်ပွားခရေလို့ သိရပါရေ။
ရက္ခိုင်ပြည်ဟိ မြို့ကြီးတိဖြစ်တေ ပေါက်တောမြို့အပြင် မြောက်ဦးမြို့၊ မြို့ပေါ်ရပ်ကွက်တိကို ဗဟိုပြုပနာ စစ်ကောင်စီ ဖက်က တမင်တကာ ရည်ရွယ်ချက်ဟိဟိနန့် လီကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုတိ တရစပ်ပစ်ခတ်ခရေ ဒီဇမ်ဘာ ၂၄ ရက်ကနီ ဒီဇမ်ဘာ၂၈ ရက်အထိ (၅) ရက်တာကာလအတွင်း အပြစ်မဲ့အရပ်သား ၁၈ ယောက်ထက်မနည်း သီဆုံးခရပနာ ၂၂ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရဟိခကြောင်းလည်း ညီနောင်မဟာမိတ်(၃) ဖွဲ့၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။