
APM ၊ ဒီဇမ်ဘာ ၂၈/ ၂၀၂၃
တအာင်းပြည်နယ် တပ်မဟာ(၄)စစ်ဒေသ၊ နမ္မတူမြို့ဟိ စစ်ကောင်စီဗျူဟာမှူး အခြီချ ကွပ်ကဲနီရေ တပ်စခန်းတိကို အလုံးစုံဝင်ရောက်ယှင်းလင်းချေမှုန်းသိမ်းပိုက်ပိုက်လိုက်ကြောင်း တအာင်းတပ်မတော် (TNLA) က ဒေနိ(ဒီဇမ်ဘာ ၂၈ရက်နိ)၊ နိခင်းပိုင်းမာ ထုတ်ပြန်လိုက်ပါရေ။
ထုတ်ပြန်ချက်မာ နမ္မတူမြို့နယ်ဟိ စစ်ကောင်စီတပ်စခန်းတိကို တအာင်းတပ်မတော် (TNLA ) က ၁၀၂၇ စစ်ဆင်ရီးအတွင်း ဒီဇမ်ဘာ ၂၅ ရက်နိကစလို့ စတင်တိုက်ခိုက်ခပြီး ၄ ရက်အကြာ ဒေနိ(ဒီဇမ်ဘာ ၂၈ ရက်)နိ၊ မိုးထ ၁ နာရီခွဲအချိန်မာ စစ် ကောင်စီ၏ ခမရ(၃၂၄) ဗျုဟာကုန်းအပါအဝင် တပ်စခန်းတိဖြစ်တေ မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင် ကင်းစခန်း၊ ရဲစခန်း နန့် ဌာနဆိုင်ရာရုံးတိကို အလုံးစုံသိမ်းပိုက်ရဟိခစွာလို့ ဖော်ပြထားပါရေ။
နမ္မတူမြို့စစ်ကောင်စီတပ်စခန်းရေ စစ်ဗျူဟာ(၂) လက်အောက်ခံ ခမရ (၃၂၄)၊ ခလရ(၂၅၆) ရို့က လာရောက်ထိုးစစ်ဆင် အခြီချလှုပ်ယှားနီစွာလို့ ဆိုပါရေ။
အဆိုပါစစ်ကောင်စီ တပ်စခန်းတိကို တိုက်ခိုက်နီချိန် ၄ ရက်တာကာလအတွင်းမာ စစ်ကောင်စီတပ်က လီကြောင်းတိုက်ခိုက် မှု စုစုပေါင်း ( ၆၁) ကြိမ်၊ ဗုံးကြဲချမှု အကြိမ်ပေါင်း (၂၁၈)ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု (၉၃)ကြိမ် ထက်မနည်း အသုံးပြု တိုက်ခိုက်ခရေပိုင် Mi-17 ထောက်ပို့လီယာဉ်နန့် စစ်ကူအင်အား ၊ လက်နက်ခဲယမ်းတိ (၂)ကြိမ် လာရောက် ပစ်ချထောက်ပံ့ ပီးခရေလို့ သိရပါရေ။
မြို့သိမ်းတိုက်ပွဲအတွင်းမာ စစ်ကောင်စီတပ်က အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် နမ္မတူမြို့နယ်က ဒေသခံ ၂ ယောက် သီဆုံးခပြီးကေ ၈ ယောက်ဒဏ်ရာရဟိခရေအပြင် ဗလီကျောင်း၊ ဘာသာရီးအဆောက်အအုံ၊ ဘုရားကျောင်းကန်တိနန့် လူနီအိမ် (၇)လုံးမာ လက်နက်ကြီး နန့် လီယာဉ်ဗုံးစတိ ထိမှန်ပျက်စီးခကြောင်း ထုတ်ပြန်ချက်မာ ပါဟိပါရေ။
နမ္မတူမြို့ဟိ စစ်ကောင်စီ တပ်စခန်းတိကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ၏ လက်နက်ခဲယမ်းတိ၊ ဟောင်ဝစ်ဇာ အမြှောက် အပါအဝင် လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံ နန့် စစ်သုံးဆောင်ပစ္စည်းတိကို ယှင်းလင်းသိမ်းဆည်းရမိခရေလို့ ဆိုပါရေ။
ယင်းကြောင့် ဒေနိအထိ TNLA က နမ့်ဆန်မြို့၊ နမ့်ခမ်းမြို၊ မန်တုံမြို နန့် မိုင်းလုံမြိုရို့ကို သိမ်းပိုက်ခပြီးနောက် ပဉ္စမမြောက် မြို့အဖြစ် နမ္မတူမြို့ကို အလုံးစုံထိန်းချုပ်ထားကြောင်း သိဟိရပါရေ။
Photo – TNLA



